Chapter 65

1.8K 292 32
                                    

{Unicode}

အပိုင်း ၆၅

လှေကားအောက်ဆုံးထစ်သို့ ရောက်ချိန်တွင် ရှန့်​ချောင် အပြင်ဘက်ဆီ လျှောက်ထွက်လာသည်။ လျန်ရှောင်ထန်က ဖုန်းမှတဆင့် ကားခေါ်လိုက်ရင်း ရှန့်ချောင်ထံ လှမ်းမေးသည်။

"အစ်မ ရှောင်ချောင်၊ ဘယ်လိုပြန်မှာလဲ? ကားခေါ်ပြီးပြီလား?"

ရှန့်ချောင် - "ငါ့ကို လာကြိုမှာ"

လျန်ရှောင်ထန်၏ မသိစိတ်ထဲတွင် လာကြိုမည့်သူမှာ လက်ထောက်သာဖြစ်မည်ဟု မှတ်ယူထားပြီး များများစားစား မမေးမြန်းချေ။ သူမကို ပြောရမလား ရှန့်ချောင် အတွေးများနေစဉ်မှာပင် ကုမ္ပဏီဗင်ကားတစ်စီးက သူမတို့နှစ်ယောက်ရှေ့ ရုတ်တရက် ပေါ်ထွက်လာသည်။

ရှန့်ချောင် - " !!! "

ဒီလောက် မြန်မြန်ကြီး ရောက်လာတာလား?

သူမက ခပ်မြန်မြန်ပင်

"အို့၊ ဒါနဲ့ နင် စိတ်ငြိမ်ငြိမ်ထားမှ ရမယ်၊ အော်မခေါ်နဲ့၊ ငါ...."

စကားမဆုံးမှီမှာပင် ပြတင်းပေါက်မှန် လျှောကျလာကာ ရှန်ကျွင့်ယီး၏ ဦးခေါင်းပြူထွက်လာပြီး သူမထံ စိတ်လှုပ်ရှားတကြီး လှမ်းခေါ်သည်။

"ရှုန်းတိ! မင်း ဘယ်လိုလုပ် ဒီရောက်နေတာလဲ? ငါ ဖျော်ဖြေတာကို တမင်တကာ လာကြည့်တာလား?"

လျန်ရှောင်ထန် - "? ? ?"

ရှန့်ချောင် - "........"

ငါ ဦးထုပ်နဲ့ mask တပ်ထားတာတောင် သူက မှတ်မိတယ်??

လျန်ရှောင်ထန်က သူမထံ စိုက်ကြည့်နေသည်ကို ရှန့်ချောင် သတိထားမိသွားကာ မျက်ဝန်းတို့ တုန်ယင်သွားရပြီး ခေါင်းငဲ့ကာ ပြုံးရင်း မေးလိုက်သည်။

"နင် လက်မှတ်လိုချင်လား?"

လျန်ရှောင်ထန် - "မလိုချင်ဘူး"

ရှန့်ချောင် - "...... မြန်မြန်လုပ်၊ ဒီမှာ ကားရပ်လို့ မရဘူး"

ရှန်ကျွင့်ယီး - "ကားပေါ်တက်၊ ငါ မင်းကို ပြန်လိုက်ပို့ပေးမယ်"

ထို့နောက် သူ တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် နောက်လှည့်ကာ အိတ်ထဲ အချိန်အတော်ကြာ မွှေနှောက်ရှာဖွေနေပြီးနောက် ဓါတ်ပုံတစ်ပုံကမ်းပေးသည်။

GTKWF (Myanmar Translation )Where stories live. Discover now