Chapter 93.2

1.9K 296 16
                                    

{Unicode}

အပိုင်း ၉၃.

ကျီကျားယို့ အလှည့်သို့ ရောက်ချိန်တွင် သူက လေးနှင့်မြှားကို ပရော်ဖက်ရှင်နယ်ကျကျ ကိုင်တွယ်သည်။ ဆယ်ကွင်းမြောက်ကို ပစ်နိုင်မည်ဟု ထင်ထားသော်လည်း အမှန်တကယ်တွင်မူ အပြင်ဆုံးကွင်းကိုသာ ထိမှန်အောင် ပစ်နိုင်ခဲ့သည်။ ကြည့်နေသူတစ်ယောက်က ချက်ချင်းပင် ထောက်ပြသည်။

[ဒီကောင်လေးက သေနတ်ပစ်တာ တော်တော်လေး တိကျတယ် မဟုတ်လား၊ မြှားပစ်တာ ဘာလို့ ဒီလောက် ညံ့နေရတာလဲ]

[မင်း သေနတ်ပစ်ကွင်းကို ခဏခဏသွားတယ် မဟုတ်ဘူးလား? ဘယ်လိုဖြစ်ရတာလဲ?]

[ကျယ်မေ့တို့! နင်တို့ မတွေ့ဘူးလား? သူ အပြင်ဆုံးကွင်းကို ရှန့်ချောင်အတွက် တမင်ပစ်လိုက်တာ! ရှန့်ချောင် ပစ်တာ ဘယ်လောက်ဆိုးဆိုး အပြင်ဆုံးကွင်းကိုတော့ မလွဲလောက်ဘူးလေ၊ ဘုရားရေ.... ဒါ ဘယ်လို မောင်နှမ ဆက်ဆံရေးမျိုးလဲ?]

[အိုး... ဟုတ်သားပဲ! ဝူးဝူးဝူး... ကျီကျားယို့.... နင့်အသက်ငယ်သေးတယ်၊ ဒီအမေက ဒီလိုမျိုး Flirt ခွင့်မပြုဘူး!!]

[အစ်ကိုချောလေးက တအားနွေးထွေးတာပဲ]

[သင်္ဘောရှာ CP က သေဆုံးသွားပြီ၊ ငါက အခု တံတားဆောက်တော့မှာ]

[တံတားဆောက်ဖို့အတွက် ထောက်ပံ့ဖို့ စိတ်ဆန္ဒရှိပါတယ်!!! ကျုံးကော်က မြစ်တွေအားလုံး တံတားနဲ့ပြည့်ရစေမယ်!!]

[ဒီနေ့ညရဲ့ hot search ကိုတော့ ကျားချောင် CP က ကြိုဦးထားလိုက်ပြီ!!! Fighting!!]

ထို့နောက် ရှန့်ချောင်က ပစ်မှတ်ကို လွဲချော်သွားသည်။

ပရိသတ်များ - [ ? ? ? ငါ့အစ်ကိုကြိုးစားအားထုတ်ထားတာတွေကို အလကားဖြစ်သွားစေတာပဲ!!!]

မမျှော်လင့်ထားစွာဖြင့် ရှန်ကျွင့်ယီးက အတွင်းဆုံးကွင်းအား ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့ကာ အမြင့်ဆုံးဂုဏ်ပုဒ်ဖြစ်သည့် အိမ်ရှေ့စံရာထူးအား ရယူသွားသည်။ ဒါရိုက်တာအဖွဲ့မှာ သနားစရာကောင်းလှကြောင်း ကြည့်နေသူများက မှတ်ချက်ပြုလာကာ အမြင့်ဆုံးဂုဏ်ပုဒ်ရထားသည့် Bug ကောင်က လုပ်ချင်ရာ လုပ်လိမ့်မည်ဟု ဆိုလာသည်။

GTKWF (Myanmar Translation )Where stories live. Discover now