Chapter 134

1.5K 234 28
                                    

{Unicode}

အပိုင်း ၁၃၄

သူမ နှုတ်ခမ်းစူကာ ဒေါသထွက်ဟန်ဆောင်သည်ကို မြင်လျှင် ဟော့ရှီး ရယ်ချင်စိတ်ကို ထိန်းလိုက်ပြီး သူမအား သူ့ရင်ခွင်တွင်း ဆွဲဖက်ကာ သူမမျက်နှာပေါ် သူ့မေးစေ့ဖြင့် ပွတ်သပ်သည်။ ရှန့်ချောင်မှာ သူ၏ နှုတ်ခမ်းမွေးစစကြောင့် နာကျင်သွားရသည်။ သူမက သူ့မေးစေ့ကို လက်ဖြင့် စမ်းရင်း

"နင် မုတ်ဆိတ်ရိတ်ဦး"

ဟော့ရှီး ပြုံးကာ သူမကို လွှတ်ပေးလိုက်ပြီးနောက် မတ်တပ်ထ၍ ရေချိုးခန်းဆီ ဝင်သွားသည်။

ရှန့်ချောင် ခဏမျှ ဆိုဖာပေါ် လှဲနေသော်လည်း မနေနိုင်ပဲ ထရပ်လိုက်ပြီးနောက် ရေချိုးခန်းဆီ ခြေဖျားထောက်သွားကာ တံခါးဖွင့်လိုက်သည်။

သူက ဘလိတ်ဓားအား ရေဆေးနေကာ သူ့ပါးနှစ်ဖက်ပေါ် Shaving cream သုတ်လိမ်းနေသည်။ သူမ တံခါးဝတွင် ရပ်နေသည်ကို မှန်ထဲမှတဆင့် လှမ်းမြင်ကာ အပြုံးဖြင့် မေးသည်။

"မင်း ဘာတွေ ကြည့်နေတာလဲ?"

ရှန့်ချောင်က ချောင်းယွီရော ချောင်းအဖေပါ မုတ်ဆိတ်ရိတ်စက်များဖြင့် မုတ်ဆိတ်ရိတ်သည်ကို မြင်တွေ့ဖူးခဲ့သော်လည်း ဟော့ရှီးမှာမူ ဘလိတ်ဓားကိုင်ထားပြီး ယင်းမှာ အန္တရာယ်များပုံရသည်။

"ဟော့ရှီး... နင် ဘာလို့ ရိတ်စက်မသုံးတာလဲ? ဒီဟာက ရှမိဖို့ လွယ်တယ်မလား?"

ဟော့ရှီးက ပြန်ဖြေသည်။

"အီလက်ထရောနစ်စက်တွေ မကြိုက်လို့"

ရှန့်ချောင်က ဘေစင်ရှိရာဆီ လက်ညှိုးထိုးသည်။

"ဒါပေမယ့် သွားတိုက်တံ​ကျတော့ စက်နဲ့လေ"

ဟော့ရှီးက မှန်ထဲကြည့်ရင်း ဘလိတ်ဓားဖြင့် စတင် မုတ်ဆိတ်ရိတ်သည်။ အဖြူရောင်ဆပ်ပြာမြုပ်တွေမှာ လမ်းတလျှောက် သုတ်သွားခံရပြီး မကြာခင်မှာပင် သူ၏ လန်းဆန်းသန့်ရှင်းသည့် ပုံရိပ် ပေါ်ထွက်လာသည်။ မျက်နှာသစ်ပြီးနောက် ဟော့ရှီးက တံခါးဆီသွားကာ သူမအား ပွေ့ယူလိုက်ပြီး သူမမျက်နှာအနှံ့ မေးစေ့ဖြင့် ပွတ်သပ်သည်။

GTKWF (Myanmar Translation )Where stories live. Discover now