Chapter 81.1

1.7K 287 57
                                    

{Unicode}

အပိုင်း ၈၁.

ဟော့ရှီးမှာ လက်တလောတွင် သူ၏ အယ်လမ်ဘမ်အသစ်ထုတ်ဝေနိုင်ရေးနှင့် ပတ်သက်၍ အလုပ်များလျက်ရှိပြီး အသွားအပြန်ခရီးမှာ လျို့ဝှက်ထားခြင်းဖြစ်သည်။ လေယာဉ်ပေါ်မှ ဆင်းသည်နှင့် သူက VIP လမ်းကြောင်းအတိုင်း ပြန်ထွက်လာသည်။

တိတ်တဆိတ်ရိုက်ကူးထားသည့် ဓါတ်ပုံများမှာ များသောအားဖြင့် Sasaeng များထံမှ ထွက်ပေါ်လာတတ်သည်။ လျို့ဝှက်ခရီးစဉ် (Private Trip) များနောက်လိုက်သူများအားလုံးအား Sasaeng ဟု သတ်မှတ်ပြီး Private Schedules မှ ဓါတ်ပုံများအား တင်သည့်သူအားလုံးကိုပါ Sasaeng ဟု သတ်မှတ်သည်။ ထို့ကြောင့် ဟော့ရှီး၏ အချိန်ဇယားမှာ အတော်လေး လျို့ဝှက်ကာ သက်သောင့်သက်သာရှိသည်ဟု ဆိုနိုင်သည်။

သူ့လက်ထောက်က သူ့ကားကို မောင်းလာပေးပြီးဖြစ်သည်။ သူ ကားပါကင်သို့ ရောက်ရှိချိန်တွင် ဟော့ရှီးက ခရီးဆောင်အိတ်ကို ရှောင်တန့်ဆီ လွှဲပေးလိုက်ကာ ကားမောင်းထွက်လာသည်။

လက်ထောက်က ကားနောက်မြီးကို လှမ်းကြည့်ကာ နောက်လှည့်မေးသည်။

"ဘော့စ်က ချစ်သူတွေ့နေတာလား?"

ရှောင်တန် - "မင်း အရမ်းစပ်စုတာပဲ၊ ဘာလို့ လက်ထောက်လာလုပ်နေတာလဲ? ပါပါရာဇီသွားလုပ်ရင်ရော ဘယ်လိုလဲ?"

လက်ထောက် - "........"

ရှန့်ချောင် အိမ်အောက်ထပ်သို့ ရောက်ရှိချိန်တွင် ဟော့ရှီး ဦးထုပ်ဆောင်းကာ mask တပ်ပြီးနောက် ဓါတ်လှေကားထဲ ဝင်လိုက်သည်။ ပထမထပ်သို့ ရောက်ရှိချိန်တွင် မိန်းကလေးငယ်နှစ်ယောက်က သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ သယ်ယူရင်း အထဲဝင်လာသည်။ သူ နောက်သို့ ဆုတ်ကာ ခေါင်းငုံ့လိုက်သည်။

ကံကောင်းစွာဖြင့်ပင် မိန်းကလေးနှစ်ယောက်က သူ့အား သတိမမူမိပဲ ပြောလက်စ စကားကိုသာ စိတ်လှုပ်ရှားတကြီး အာရုံစိုက်လျက်ရှိသည်။

"နင် အရွက်တွေ ရေဆေးပြီး အရင် လှီးထားလိုက်၊ ငါ ထမင်းချက်ထားလိုက်မယ်၊ နာရီဝက်ကျန်သေးတယ်ဆိုတော့ အချိန်မှီမယ်လို့ ငါထင်တယ်"

GTKWF (Myanmar Translation )Where stories live. Discover now