Chapter 86

1.7K 288 49
                                    

{Unicode}

အပိုင်း ၈၆

အင်တာနက်လောကတစ်ခုလုံး အငြင်းပွါးနေဆဲဖြစ်သော်လည်း ခေါင်းစဉ်မှာမူ 'သိုဝှက်ထားသော မင်္ဂလာပွဲ' မှ 'ရှန့်ချောင်၏ ကြယ်ပွင့်နောက်လိုက်ခြင်း' အဖြစ် ပြောင်းလဲသွားသည်။ ရှီးကွမ်းများသည်ပင် ခံစားချက်အစုံ ရောပြွမ်းနေရပြီး ချောင်ဖန်များမှာ ပြောနေရန်ပင် မလိုတော့။

ငါတို့လိုက်နေတဲ့ အိုင်ဒေါလ်က ငါတို့ထက်တောင် ပိုပြီး အိုင်ဒေါလ်နောက်လိုက်နေတာတဲ့လား?

အစပထမပိုင်းတွင် ချောင်ဖန်များက ယုံကြည်မှုမရှိပဲ သတင်းစကားများအား ရှုံ့ချကာ ငြင်းဆိုလိုသော်လည်း ဖန်းပိုင်က ဖန်ကလပ်အုပ်ချုပ်ရေးအဖွဲ့အတွင်း၌ တိုက်ရိုက်ပင် အတည်ပြုလိုက်သည်။

"ချောင်ချောင်က တကယ်ပဲ ဟော့ရှီးရဲ့ ဖန်"

သာမန်ချောင်ဖန်များကို မဆိုထားနှင့် အက်မင်အချို့သည်ပင် စိတ်ပျက်အားလျှော့သွားကာ အဖွဲ့မှ တိုက်ရိုက်ပင် ထွက်ခွါသွားသည်။

ရှုပ်ထွေးမှုများအလယ်တွင် ချာချာက ထပြောသည်။

"ချောင်ချောင် ဘယ်သူ့ကိုပဲ ကြိုက်ကြိုက်၊ ဘယ်သူ့ဖန်ပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး၊ ငါသိတာက ငါ သူ့ကို သဘောကျတဲ့ အကြောင်းရင်းက သူ့ရဲ့ ရဲရင့်မှုနဲ့ နူးညံ့မှုကြောင့်၊ ငါ သူ့ကို သဘောကျရတဲ့ မူရင်း အကြောင်းရင်း မပြောင်းလဲသွားသရွေ့ သူ့ဖန်ဖြစ်နေဦးမှာပဲ"

မှန်သည်၊ နင်တို့မှာ အိုင်ဒေါလ်နောက်လိုက်ဖို့ အခွင့်အရေးရှိလျှင် သူမမှာလည်း အခွင့်အရေးရှိသည်မဟုတ်လား?

သူမ၏ ရုပ်ရှင်မင်းသမီးဟူသည့် ဂုဏ်ပုဒ်ကို ဖယ်ရှားလိုက်လျှင် အမှန်တကယ်၌ သူမက ငါတို့လိုပင်။ ငါတို့ကမှ ပွင့်ပွင့်လင်းလင်း ပေါ်ပေါ်ထင်ထင် အိုင်ဒေါလ်နောက်လိုက်ခွင့် ရသေးသည်။ သို့သော် သူမ၏ ဗီဒီယိုတွေကို ကြည့်လျှင် သူမ၏သဘောကျမှုနှင့် လေးစားမြတ်နိုးမှုအားလုံးအား ဂရုတစိုက် ဖုံးကွယ်ထားရသည်။ ဒါက လုံလောက်တဲ့ ရှင်းပြချက် မဟုတ်သေးဘူးလား?

GTKWF (Myanmar Translation )Where stories live. Discover now