Chapter 116

1.7K 278 36
                                    

{Unicode}

အပိုင်း ၁၁၆

မူလအချိန်ဇယားအရ 'The World is So Big' ရိုက်ကူးရေးပြီးဆုံးသည်နှင့် ရှန့်ချောင်က 'May the Moonlight Flower Shine on You' စီးရီးအတွက် ရိုက်ကူးရေးအဖွဲ့သို့ ဝင်ရောက်ရမည်ဖြစ်သည်။ သို့ရာတွင် ပြန်ပေးဆွဲခြင်းကိစ္စ ပေါ်ပေါက်လာကာ သူမက ကုတင်ပေါ်တွင် လှဲနေဆဲသာ ရှိသေးသည်။

အဖွဲ့သားများသည်လည်း နိုင်ငံခြားတွင် သူမ ကားမတော်တဆဖြစ်ပွါးခဲ့ကြောင်း သိရှိပြီးဖြစ်ကာ အခြေအနေကို နားလည်ကြောင်း ဖော်ပြလာသော်လည်း ရိုက်ကူးရေးစတင်မည့်အချိန်ကိုကား ရွှေ့ဆိုင်း၍ မရခြင်းကြောင့် ကန်တော့ပွဲအခမ်းအနားအား ပုံမှန်အတိုင်း ကျင်းပပြီး အဓိကဇာတ်ဆောင်မပါဝင်ပဲ အခြားသောဇာတ်ကောင်များ၏ နောက်ဆုံးဆင့်မိတ်ကပ်အပြင်အဆင် ဓါတ်ပုံများအား ထုတ်ပြန်သည်။

ရိုက်ကွင်းအဖွဲ့တစ်ခုဆီတိုင်းတွင် ကွဲပြားသည့်လုပ်ထုံးလုပ်နည်းများ ရှိသည်။ 'May the Moonlight Flower Shine on You' အဖွဲ့က ရိုက်ကူးရေးစတင်သည့် နေ့ရက်အထိ စောင့်ဆိုင်းပြီးမှ ပါဝင်မည့်အဓိကသရုပ်ဆောင်များအား တရားဝင် ကြေညာသည်။ ယခင်က ဇာတ်ကောင်တနေရာချင်းဆီတွင် သရုပ်ဆောင်မည့် အနုပညာရှင်များနှင့် ပတ်သက်၍ အင်တာနက်ပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြသည်။ ယခုအခါ တရားဝင်ကြေညာချက်ထုတ်ပြန်ပြီးနောက် အတည်ပြုဆုံးဖြတ်ချက် ချမှတ်ပြီးဖြစ်ကာ ရှန့်ချောင်အား အဓိကဇာတ်ဆောင်အဖြစ် ရွေးချယ်သည်။

ချောင်ဖန်များမှာ နဂိုမူလက သူတို့အိုင်ဒေါလ်၏ ကားမတော်တဆမှုဖြစ်စဉ်ကြောင့် ဝမ်းနည်းနေခဲ့သည်။ နေ့စဉ်နေ့တိုင်းလိုလို Super Topic ထဲတွင် အမြန်ဆုံးသက်သာစေလိုကြောင်း ဆုတောင်းပို့စ်များနှင့် ပြည့်နှက်နေခဲ့သည်။ ရုတ်တရက် သူတို့အားလုံးက တရားဝင်ကြေညာချက်အား မြင်တွေ့ပြီးနောက် ဒီနာမည်ကြီးရှေးခေတ်ဒရာမာက သူတို့အိုင်ဒေါလ်အား ရွေးချယ်လိုက်မှန်း သိရသည်နှင့် ခပ်မြန်မြန်ပြင်ဆင်လာသည်။ ညှိုးငယ်နေသည့် စိတ်အခြေအနေမှာ နာမည်ကျော်ကြားမှုနှင့် Ranking များဆီသို့ တဖန်အာရုံစိုက်သွားကြသည်။

GTKWF (Myanmar Translation )حيث تعيش القصص. اكتشف الآن