Chapter 97

1.8K 289 35
                                    

{Unicode}

အပိုင်း ၉၇

ပေ့မင်းဖန်က ပညာအရည်အချင်းအား မြှင့်တင်နိုင်ရန် ခက်ခဲမှုအား ရှုထောင့်ပေါင်းစုံမှ ရှင်းပြသည်။ တရုတ်ပြည်တွင်းရှိ တက္ကသိုလ်အားလုံးမှာ အထက်တန်းကျောင်းများမှ ဝင်ခွင့်များကိုသာ လက်ခံသည်။ ပြင်ပတက္ကသိုလ်ဝင်စာမေးပွဲများမှ ဝင်ခွင့်နှင့် self-study ဝင်ခွင့်များမှာ ဝင်ခွင့်ရနိုင်ခြေနည်းပါးသည်။

သူမအား နိုင်ငံခြားသို့ ပညာသင်ရန် စေလွှတ်၍မရ။ ဘယ်လိုပဲပြောပြော သူမအလုပ်အားလုံးက တရုတ်နိုင်ငံတွင် ရှိနေသည်မလား။ သူမက ပညာရေးအခြေအနေအား တိုးမြှင့်လိုသည်ဆိုမှတော့ ဖြစ်နိုင်ချေအရှိဆုံးအရာကိုသာ အကောင်းဆုံး ကြိုးစားရမည်ဖြစ်သည်။

သူမယခင်ဘဝတွင် လန်ဒန်တက္ကသိုလ်မှ ကျောင်းဝင်ခွင့်ကမ်းလှမ်းစာ ရရှိကာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအား ရှောင်လွှဲနိုင်ခဲ့သည့် ချောင်းချောင်တစ်ယောက် နောက်ဆုံးတွင် ကံကြမ္မာဘီး တပတ်ပြန်လည်လာကာ မရှောင်လွှဲနိုင်တော့ပေ။

ပေ့မင်းဖန် - "အနုပညာတက္ကသိုလ်တွေရဲ့ ယဉ်ကျေးမှုမေဂျာတွေကို လက်ခံတဲ့ ဝင်ခွင့်အမှတ်က သိပ်မမြင့်ဘူး၊ ကျိန်းသေပေါက် လူတွေ့စာမေးပွဲတွေမှာ အခက်အခဲရှိမှာ မဟုတ်ဘူး၊ တစ်နှစ်လိုသေးတာပဲ၊ အမှတ်ပြည့် ၇၅၀ မှာ စာမေးပွဲအမှတ် ၃၀၀ ရရင် တည်ငြိမ်ပြီလို့ ပြောလို့ ရတယ်၊ ပျမ်းမျှချလိုက်ရင် တစ်ဘာသာကို အမှတ် ၅၀ပဲ!!"

ရှန့်ချောင် - "........"

ပေ့မင်းဖန် - "မင်း သိပ္ပံဘာသာကို လေ့လာနေတာလား? လူမှုဘာသာလား? လူမှုဘာသာ၊ အနုပညာဘာသာရပ်တွေက ပိုပြီး လွယ်တယ်၊ ငါ မင်းအိမ်ရာဆီ နောက်နှစ်ရက်နေကျရင် သွားပြီး ကျောင်းသားကဒ်မှတ်ပုံတင်လိုက်မယ်၊ မင်း ကျောင်းတက်စရာမလိုဘူး၊ ငါ မင်းအတွက် အကောင်းဆုံးဂိုက်ရှာပေးမယ်!!"

ရှန့်ချောင်က အချိန်အကြာကြီးထိ အသံတိတ်နေခဲ့ပြီးမှ တွန့်ဆုတ်စွာ မေးသည်။

"ကျွန်မ ဒီလောက်အသက်ကြီးနေပြီကို တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေလို့ ရပါ့မလား?"

GTKWF (Myanmar Translation )حيث تعيش القصص. اكتشف الآن