Chapter 121

1.6K 276 36
                                    

{Unicode}

အပိုင်း ၁၂၁

ရှန့်ချောင် အချိန်ကြာသည်အထိ ပြန်ဖြေလာခြင်းမရှိပေ။ ပေ့မင်းဖန်မှာ စိတ်မရှည်တတ်သူဖြစ်တာမို့ တစ်ခုခု ပြောလိုလာသည်။ မုန့်ရှင်းချန် သူ့ထံ လှမ်းပုတ်၍ တားလိုက်ပြီး အပြုံးဖြင့် မေးသည်။

"မင်း ဒရာမာအတွက် စိတ်ပူနေတာလား?"

ရှန့်ချောင် ခေါင်းညိတ်သည်။

"ဒါရိုက်တာချန်က အရမ်းအလေးအနက်ထားတတ်တဲ့ ဒါရိုက်တာ၊ သူ့ကို ကျွန်မ စိတ်မပျက်စေချင်ဘူး"

မုန့်ရှင်းချန် ပြုံးရင်း နွေးထွေးစွာ ဆိုသည်။

"ကိုယ် မင်းကို အရင်မေးဦးမယ်၊ မင်းသာ သုန်းဖန်းဖော့ ဇာတ်လမ်းမှာ ပါဝင်နိုင်ရင် ဒရာမာနှစ်ခုလုံးကို အရည်အသွေးမြင့်မြင့်နဲ့ အပြီးသတ်နိုင်မယ်လို့ အာမခံနိုင်လား?"

သူ့မေးခွန်းကြောင့် ရှန့်ချောင် အံ့အားသင့်သွားသည်။

မုန့်ရှင်းချန်၏ မျက်နှာသွင်ပြင်ကား အပြောင်အပြက် ပြောနေခြင်းမရှိသည်ကို မြင်လျှင် ဒရာမာနှစ်ခု၏ ဇာတ်ညွှန်းများအား ဂရုတစိုက်ပြန်လည် တွေးတောလိုက်သည်။ ဇာတ်လမ်း၊ ဇာတ်ကောင်နှင့် အချိန်ဇယားများမှတဆင့် ဆုံးဖြတ်လျှင် သူမအတွက် ပိုပင်ပန်းမည်ကလွဲ၍ ပြဿနာကြီးကြီးမားမား မရှိပေ။

ရှန့်ချောင် - "အင်း"

မုန့်ရှင်းချန်က ထိုအဖြေစကားအား မျှော်လင့်ထားဟန်ဖြင့် ပြုံးလိုက်ကာ

"မင်းနဲ့ အချိန်ဇယားချင်းတိုက်နေမှန်း သိရဲ့နဲ့တောင် ငါတို့ မင်းကို ငှါးဖို့ ဘာလို့ ဆုံးဖြတ်လဲဆိုတာ အခုပြောပြမယ်"

"ပထမဆုံးအနေနဲ့၊ ဒါရိုက်တာဟန် ဆုံးသွားတာမို့ ရိုက်ကွင်းအဖွဲ့ရန်ပုံငွေက ယွမ် တစ်မီလီယံ ဆုံးရှုံးသွားတယ်၊ မနေ့က ရင်းနှီးမြုပ်နှံသူတွေက သူတို့ရဲ့ ငွေကြေးကို တရားဝင် ပြန်ထုတ်နှုတ်သွားပြီ၊ အမျိုးသားဇာတ်ဆောင်ရော အမျိုးသမီးဇာတ်ဆောင်ပါ သူတို့စာချုပ်ကို ဖျက်သိမ်းသွားတယ်၊ ငါတို့သာ နေရာတကျစီစဉ်ပြီး အချိန်မှီ ရိုက်ကူးရေးမစရင် ပြီးခဲ့တဲ့ ကြိုးစားအားထုတ်မှုအားလုံးက သဲထဲရေသွန်ဖြစ်သွားလိမ့်မယ်"

GTKWF (Myanmar Translation )Opowieści tętniące życiem. Odkryj je teraz