Chapter 91

1.8K 311 53
                                    

{Unicode}

အပိုင်း ၉၁

ရှန့်ချောင် - "ငါ ရုပ်ရှင်သွားရိုက်တော့မယ်... ဘိုင့်!"

လျန်ရှောင်ထန် - "နင် ငါတို့ကို အချိုမကျွေးရင်နေ CP ကိုတော့ ဖျက်လိုဖျက်ဆီးမလုပ်ပါနဲ့လား!! နင် ကိုယ်တိုင် ထပ်လုပ်ရဲ လုပ်ကြည့်၊ နင့်အကောင့်ကို ငါ ဖော်ပစ်လိုက်မယ်! ဘယ်သူကမှ နင့်ဓါတ်ပုံကို သွားရည်ယိုရဲတော့မှာ မဟုတ်ဘူး!"

ရှန့်ချောင် - " ??? "

လျန်ရှောင်ထန် ဒေါသတကြီး ဖုန်းချလိုက်ပြီး ဖန်အရေအတွက် ဆက်တိုက်လျော့နည်းနေသည့် Super Topic အားကြည့်ကာ အသဲကွဲသလို ခံစားလိုက်ရသည်။ သူမက အခြေအနေကို ပြောင်းပြန်လှန်သည့်အနေဖြင့် သူမပင်ပန်းကြီးစွာ တည်ဆောက်ထားခဲ့ရသည့် တိုင်းပြည်အား ကာကွယ်ရန် ကြိုးပမ်းသည်။

@ဟော့ရှန့်ပါတီ ကမ္ဘာလွှမ်းရမည် ; နင်တို့ ချောင်ချောင် တူဝေ ဖြစ်မဖြစ်အပေါ် ဘာလို့ အာရုံစိုက်နေကြတာလဲ? ပိုစတာပေါ်မှာ ရှီးရှီးရဲ့ လက်မှတ်ရှိနေတာက အဓိကအချက်မဟုတ်ဘူးလား? ကျယ်မေ့တို့!! အတွဲပိုင်ရှင်ကိုယ်တိုင်ကိုက သကြားလုံးတွေ ကျွေးနေတာ၊ မျက်ရည်သုတ်ပြီး မြန်မြန်စားကြ!!!

အာ?

အဲ့လိုလား?

ဒီသကြားလုံးကတော့...

ဟော့ရှန့်အဖွဲ့က သူတို့၏ မူလ စိတ်ဓါတ်ကျနေသည့် အခြေအနေမှ ချက်ချင်းဆိုသလို ပြောင်းလဲကာ အချိုသကာကို ခပ်ပျော်ပျော်စားကြတော့သည်။

ရှီးကွမ်းများ - "ဟမ့်!! ငါ့ပေါင်ပေ့က နူးညံ့ကြင်နာတတ်တဲ့သူ၊ ဘယ်သူပဲ လာတောင်းတောင်း ငြင်းမှာ မဟုတ်ဘူး!! နင် ဟော့ရှီး x ခုန်းချိ ပိုစတာ ယူလာလည်း သူ လက်မှတ်ထိုးပေးမှာပဲ!!"

ရှန့်ချောင်ခမျာ Weibo သို့ သွားမကြည့်ရဲသည်မို့ အကောင့်တုဖြင့် ဟော့ရှီးဖန် ဂရုချက်အဖွဲ့သို့ သွားကြည့်သည်။ သူမ၏ profile picture မီးလင်းသွားသည်နှင့်တပြိုင်နက် ချင်းထျန်းက သူမဆီ မက်ဆေ့ချ်ပို့လာသည်။

"အားဖူ!! နင် နောက်ဆုံးတော့ အွန်လိုင်းတက်လာပြီ!! ဒီတလော နင် ဘာတွေ လုပ်နေတာလဲ?"

GTKWF (Myanmar Translation )Where stories live. Discover now