Chapter 68

1.9K 271 35
                                    

{Unicode}

အပိုင်း ၆၈

'Fearless' ဇာတ်လမ်းတွဲ တရားဝင်ကြေညာချက်အပြီးတွင် 'Escape from Life' အစီအစဉ်သည်လည်း ကြော်ငြာသည့်အနေဖြင့် ပထမဆုံးအကြိမ် ထုတ်လွှင့်မည်ဖြစ်သည်။ ထိုရိုက်ကူးရေးအတွက်ကိုမူ နိုင်ငံခြားသို့ သွားရောက်ရန် မလိုပဲ တရုတ်နိုင်ငံတွင်းရှိ နာမည်ကြီး ရုပ်ရှင်နှင့် အစီအစဉ်များ ရိုက်ကူးရာတွင် ရိုက်ကူးပေမည်။

လေယာဉ်ဆင်းသက်ချိန်တွင် မနက်ပိုင်းသာရှိသေးပြီး စတူဒီယိုထံသွားရောက်ကာ ပရိုမိုရှင်းဓါတ်ပုံများ ရိုက်ကူးရန် ပြင်ဆင်သည်။ ရှန့်ချောင်မှာ ပထမဦးဆုံးရောက်ရှိလာသူဖြစ်ပြီး စောင့်ဆိုင်းနေစဉ်တွင် ဇာတ်ညွှန်းစာအုပ်ကို ထုတ်ဖတ်သည်။ သူမဘေးတွင် တင်းကျန်တစ်ယောက် လုပ်စရာမရှိပဲ အားနေသည်ကို မြင်လျှင် ရှန့်ချောင် လှမ်းခေါ်လိုက်သည်။

"ဒီလာပြီး ငါနဲ့ စကားပြောကျင့်ပေး"

တင်းကျန်က လက်ထောက်အဖြစ် ဆောင်ရွက်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး ဖြစ်ပြီး သူမအညံ့ဆုံးကိစ္စရပ်မှာ တွဲဖက်အဖြစ် သရုပ်ဆောင်လေ့ကျင့်ခြင်းပင်ဖြစ်သည်။ သူမပြောရမည့်စာသားများ ဖတ်နေရင်းချိန်မှာပင် ထစ်ထစ်ငေါ့ငေါ့။ စာနှစ်ကြောင်းမျှ ဖတ်ပြီးသည်နှင့် တင်းကျန် စကားထစ်အသွားသည်။ ရှန့်ချောင်က ဇာတ်ညွှန်းစာအုပ်ကို တွန့်ဆုတ်ဆုတ်ဖြင့် ပြန်ယူလိုက်ကာ

"ထားလိုက်တော့"

တင်းကျန် - "နင်ဘာလို့ ကျန်းမင်လောင်ရှစ်ဖြစ်ဖြစ် လော့ချင်းလောင်ရှစ်ကိုဖြစ်ဖြစ် ရှာပြီး မလေ့ကျင့်တာလဲ? သူတို့လည်း ခေါင်းဆောင်သရုပ်ဆောင်တွေပဲလေ"

ရှန့်ချောင်၏ စကားပြောစွမ်းရည်မှာ အားနည်းနှင့်ပြီးဖြစ်ကာ သူမသာ နောက်ထပ်တကြိမ် လမ်းမှားရောက်သွားလျှင် ဒရာမာအပေါ် အကျိုးသက်ရောက်မှု ရှိလာပေမည်။

သူတို့စကားပြောနေချိန်မှာပင် တံခါးမှာတွန်းဖွင့်ခံလိုက်ရပြီး ရှန်ကျွင့်ယီးက အားမာန်အပြည့်ဖြင့် ဝင်ရောက်လာသည်။ ယနေ့တွင် သူက အနက်ရောင်လည်သာဂျက်ကတ်၊ ဦးထုပ်နှင့် နေကာမျက်မှန်ကို ဝတ်ဆင်ထားသည်။ သူသာ ပါးစပ်ဟပြီး စကားမဆိုခဲ့လျှင် သူ့ပုံပန်းသွင်ပြင်မှာ ညှို့ငင်နိုင်စွမ်းကာ မျက်စိပဒဿဖြစ်စရာဖြစ်ပေမည်။

GTKWF (Myanmar Translation )Waar verhalen tot leven komen. Ontdek het nu