Chapter 37

2.3K 270 19
                                    

{Unicode}

အပိုင်း ၃၇

Starlight Junior ၏ အကြိုယှဉ်ပြိုင်ပွဲမှာ ကြိုတင်ရိုက်ကူးထားခြင်းဖြစ်ပြီး ရှုံးထွက်အဆင့်မှသာ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်သည်။ ကြိုတင်ရိုက်ကူးခြင်းကို တစ်ပတ်တစ်ရက် ရိုက်ကူးမည်ဖြစ်ကာ အပတ်စဉ်တိုင်းတွင် ယှဉ်ပြိုင်သူများက တင်ဆက်မှုအသစ်များကို ပြသရမည်။ ယှဉ်ပြိုင်မှုက ရက်စက်ပြီး ရွေးချယ်ခံရဖို့မှာ မလွယ်ကူချေ။

ဒိုင်များ၏ ပရိသတ်များဖြင့်သာ ပြည့်နှက်ပြီး ယှဉ်ပြိုင်သူများ အနေရခက်မည်ကို စိုးရိမ်သဖြင့် အစီအစဉ်အတွက် လက်မှတ်ကို တရားဝင်ရောင်းချခြင်းမရှိပေ။ ထို့ကြောင့် ရိုက်ကူးရေးအဖွဲ့သားများက လက်မှတ်များကို အသုတ်ရေခွဲလိုက်သည်။

ဒိုင်တစ်ယောက်ချင်းစီ၏ ခွဲတမ်းလက်မှတ်ကို ပရိသတ်အချို့ထံ ပေးဝေမည်ဖြစ်ပြီး အစီအစဉ်မှ ထိုလက်မှတ်များကို ပရိသတ်များထံ မဲနှိုက်၍ လည်းကောင်း၊ ထောက်ခံသူစာရင်းဝင်ခြင်းဖြင့်လည်းကောင်း ပေးဝေပေမည်။ လက်မှတ်မှောင်ခိုရောင်းသူထံမှလည်း ဝယ်ယူနိုင်ကာ ပရိသတ်များက အလုအယက်ဝယ်ယူလေ့ရှိသည်။ လူသိများစေရန်နှင့် နာမည်ကျော်စေရန် အသိအမှတ်ပြုခံရပြီးဖြစ်သည့် အင်တာနက်ဆယ်လီဘရစ်တီများထံလည်း အနည်းငယ် မျှဝေသည်။

ယှဉ်ပြိုင်သူများထဲတွင် တက်သစ်စမဟုတ်သူများလည်းပါဝင်ကာ ထိုသူများမှာ ပွဲဦးထွက်ပြီးဖြစ်စေ သို့မဟုတ် ထုတ်လွှင့်ထားသည့် အနုပညာလက်ရာများရှိနှင့်ပြီးဖြစ်စေ ထို့အတွက်ကြောင့် ပရိသတ်အင်အားအချို့ ရှိပြီးဖြစ်သည်။ ထိုပြိုင်ပွဲဝင်များ၏ ပရိသတ်အချို့လည်း လက်မှတ်ရရှိသည်။

ရှန့်ချောင်သည်လည်း လက်မှတ်ခွဲတမ်းရရှိကာ ခွဲဝေခြင်းတာဝန်ကို ချာချာထံ အာဏာကုန်လွှဲအပ်လိုက်သည်။

ဤအစီအစဉ်က သူမ၏ အေးဂျင့်အသစ်ဖြင့် စာချုပ်ချုပ်ဆိုပြီးနောက် ပါဝင်သည့် ပထမဆုံးရသစုံရှိုးဖြစ်ပြီး နှစ်သစ်၏ ပထမဆုံး ရသစုံရှိုးလည်းဖြစ်သည်မို့ ထောက်ခံအားပေးမှုတွင် အားနည်း၍ မဖြစ်ချေ။ ချာချာက ချက်ချင်းပင် တရားဝင်ဂရုထဲ သွားကာ အစီအစဉ်တက်ရောက်လိုသည့် ပရိသတ်များ Light stick ကြိုတင်မှာထားရန် ဆော်ဩသည်။ ပရိသတ်အဖွဲ့၏ အက်မင်များကလည်း ဆိုင်းဘုတ်များ မှာယူရန်အတွက် ရံပုံငွေ ထည့်ဝင်ကြသည်။ ဆိုင်းဘုတ်နှင့် ဗီနိုင်းများ မျှဝေချိန်တွင် ရှန့်ချောင်၏ ပရိသတ်များက ဦးသူယူ အစီအစဉ်ကို သဘောတူညီသည်။

GTKWF (Myanmar Translation )Unde poveștirile trăiesc. Descoperă acum