Chapter 79

1.8K 282 59
                                    

{Unicode}

အပိုင်း ၇၉

ဇွန်ဘီများက သံပန်းတံခါးကို ဖြတ်ကျော်မလာနိုင်ပဲ နောက်ဆုတ်သွားသည်။

ပရိုဂရမ်အဖွဲ့၏ ဇာတ်ညွှန်းကို ရှန့်ချောင် နောက်ထပ်တကြိမ် ထပ်မံ ဖော်ထုတ်လိုက်နိုင်သော်လည်း ချက်ချင်း ထုတ်မပြောသေးပေ။ တစ်ဦးတည်းသော လူသားမှာ မည်သူဖြစ်မှန်း သူမ သိမှ ဖြစ်ပေမည်။

ဟော့ရှီးများ ဖြစ်နေမလား?

ယခုအချိန်၌ အံဖွယ်အသင်းနှင့် ကျန်းကျီ အသင်းမှ လူလေးယောက်ကို စာရင်းထဲမှ ထုတ်ပယ်လိုက်၍ ရလေပြီ။ ဟော့ရှီးအပြင် လော့ချင်းနှင့် ယန်ယဲ့တို့ ကျန်သေးသည်။ တစ်ဦးတည်းသော လူသားမှာ ထိုသုံးယောက်ထဲမှ တစ်ယောက်ဖြစ်ရပေမည်။

ဒီအစီအစဉ်တွင် အနိုင်ရသူဖြစ်ဖို့ မည်သည်ကို ထည့်သွင်းစဉ်းစားရမည်နည်း?

ဇွန်ဘီ ခုနှစ်ယောက်နှင့် လူတစ်ယောက်။ ဇွန်ဘီများက အချင်းချင်း တိုက်ခိုက်လျက်ရှိပြီး လူသားဖြစ်သူမှာ သူကိုယ်တိုင်၏ သီးသန့်ဖြစ်တည်မှုကို မသိနိုင်လောက်သေး။ ယခုချိန်ထိတိုင် ကမ္ဘာကို ကယ်တင်နိုင်မည့် နည်းလမ်းအား ရှာမတွေ့သေး။ သဲလွန်စမှာ ကမ္ဘာပေါ်ရှိ တစ်ဦးတည်းသော လူသားပေါ်တွင် တည်မှီနေသလော။

ဇွန်ဘီများအား ပေးအပ်လာသည့် တာဝန်မှာ လူသားများကို သတ်ကာ မျိုးရိုးဗီဇပြောင်းလဲမှုကို ရပ်တန့်ရန် ဖြစ်သည်။ လူတိုင်းက သူတို့တစ်ဦးတည်းသာ ဇွန်ဘီဖြစ်သည်ဟု ယူဆကာ တာဝန်ကို ပြီးမြောက်နိုင်စေရန်အတွက် ကျန်လူသား ခုနှစ်ယောက်အား သတ်ဖြတ်ရပေမည်။ သို့သော် အချိန်ကျလာလျှင် လူသားတစ်ပိုင်း ဇွန်ဘီတစ်ပိုင်း လူသာ ကမ္ဘာပေါ်၌ ကျန်ရစ်ခဲ့လျှင် မည်သို့များ အသုံးဝင်မည်နည်း။

ဤသည်မှာ သူတို့အချင်းချင်း သတ်ဖြတ်စေရန် ပရိုဂရမ်မှ အထူးစီမံထားမှုတစ်ရပ်ဖြစ်သည်။ အဆုံးထိ ရှင်ကျန်ရစ်သူမှာ စစ်မှန်သော အနိုင်ရသူ မဖြစ်နိုင်ချေ။

ကမ္ဘာလောကကို ကယ်တင်နိုင်မည့်နည်းလမ်းအား ရှန့်ချောင် ယခုထိတိုင် မသိသေး။ သို့ရာတွင် လူသားဖြစ်သူမှာ ကျိန်းသေပေါက် သေဆုံး၍ မရမှန်း သူမ သိသည်။

GTKWF (Myanmar Translation )Where stories live. Discover now