Chapter 12

2.1K 260 7
                                    

{Unicode}

အပိုင်း ၁၂ | အင်တာနက်လောကတခုလုံး၏ ကိုယ်ချင်းစာတရား

ရှန့်ချောင် သူမဖုန်းကို ကိုင်ကာ ဟော့ရှီး၏ profile ပုံကို စိုက်ကြည့်လိုက်သည်။ ဒီပုံက သူ ပထမဆုံးစင်ပေါ် ထွက်လာချိန်တွင် ရိုက်ထားသည့်ပုံဖြစ်သည်။ သူက ဘဝမမေ့သူဖြစ်ကြောင်း ရှီးကွမ်းတွေက ဆိုလေ့ရှိသည်။

သူမကို သူကူညီလိမ့်မည်ဟု မထင်ထားခဲ့ချေ။

သူမတို့နှစ်ယောက်သားက အချင်းချင်းသိသည်ဟူ၍ပင် မဆိုနိုင်ပေ။ သူ့ကို သူမ အဆုံးစွန်ထိ သဘောကျလျှင်တောင် သူ့အတွက်တော့ သူမက အမြဲ ပြဿနာတက်စေသည့် လူဆိုးမသာဖြစ်သည်။

သူ ဘာကြောင့်များ ဒီလိုလုပ်ရတာလဲ? သူ ဒီလိုလုပ်လို့ သူ့ဆီ ဘယ်လောက်ပြဿနာတွေ ရောက်လာမလဲ သူ မသိဘူးလား?

စိတ်လှုပ်ရှားသွားသည့် ခံစားချက်ကို သူမ ဂရုမစိုက်ချေ။ သူမ စိတ်ပူစိုးရိမ်ပြီး ဒေါသထွက်သည်သာ သိသည်။

သူမ ဟော့ရှီးထံ ဖုန်းခေါ်လိုက်သည်။

သူ့လက်ထဲတွင် ဖုန်းကိုင်ထားဆဲဖြစ်သည့်ထင် ခပ်မြန်မြန် ဖုန်းဖြေလာသည်။

"ဟဲလို"

"ဟော့ရှီး၊ ရှင် ဝင်မပါနဲ့၊ ကျွန်မကိစ္စကို ကျွန်မဘာသာ ဖြေရှင်းမယ်၊ Weibo က ပို့စ်ကို ချက်ချင်းဖျက်လိုက်!"

(T/N: ရှန့်ချောင်၊ နင် နည်းနည်းတော့ ဘက်လိုက်တယ်နော်။ ကျုံးရှန်းနဲ့ ဖုကျီချင်းကျ ပြန်တင်ခိုင်းပြီးတော့။ ဟော့ရှီးကျမှ ထိခိုက်မှာ စိုးတယ်တဲ့လား)

တဖက်ကလူမှာ တိတ်ဆိတ်နေမြဲ။

ရှန့်ချောင်က ထပ်မံ စိတ်လောလာကာ

"ရှင် တကယ် စိတ်မပူနဲ့၊ ကျွန်မ ကိုယ့်ဘာသာ လုပ်နိုင်တယ်၊ ဒီအေဂျင်စီကို ရှင် တော်လှန်ပြီး နောက်ပိုင်းကျ ဘယ်လိုလုပ်မှာလဲ? သူတို့ ရှင့်ကို အနိုင်ကျင့်ရင် ဘယ်လိုလုပ်မလဲ? ရှင် ပို့စ်ကို မြန်မြန်ဖျက်လိုက်၊ ပိုင်ကောကို ကုမ္ပဏီကို ရှင်းပြ..."

သူမ ပြောမပြီးသေးခင်မှာပင် ဟော့ရှီး၏ ခပ်တိုးတိုးအသံဖြင့် ကြားဖြတ်ပြောခံလိုက်ရသည်။

GTKWF (Myanmar Translation )Where stories live. Discover now