Chapter 38

2K 248 15
                                    

{Unicode}

အပိုင်း ၃၈

အင်တာနက်အသုံးပြုသူ အချို့က ပြိုင်ပွဲဝင်များကို ရှန့်ချောင် ခမ်းခမ်းနားနား ချီးကျူးနေခြင်းနှင့် လီယောင်၏ မကျေမချမ်းပြောဆိုနေခြင်းအပြင် ပြိုင်ပွဲဝင်၏ ကြောင်အနေပုံကို အလယ်တွင် ထား၍ တည်းဖြတ်ပြီးနောက် ထို ဗီဒီယိုအတိုကို ကြည့်မိသူတိုင်းမှာ ခေါင်းပြုတ်ထွက်မတတ် ရယ်မောကြသည်။

ထိုအစီအစဉ်ကို မကြည့်ရသေးသည့် ဖြတ်သွားဖြတ်လာဖန်များက ပို၍ ပြည့်ပြည့်စုံစုံ ကြည့်လိုသည်မို့ မည်သည့်ရှိုးမှ ဖြစ်ကြောင်း မေးမြန်းလာကြသည်။

အင်တာနက်အသုံးပြုသူတစ်ဦးက အစီအစဉ်နာမည်မှာ "သက်တန့်ချေးတုံးပျိုးထောင်ခြင်း" ဟု ဆိုသည်။

[hahahahhahahahah ဘုရားရေ သောက်ကျိုးနည်း... သက်တန့်ချေးတုံးကလည်း ပျိုးထောင်ရဦးမှာလား?]

[ပိုစ့်ပိုင်ရှင်က ဖြတ်သွားဖြတ်လာဖန်တွေကို မလှည့်စားပါနဲ့၊ ဒီပရိုဂရမ်က 'ငါနဲ့ သက်တန့်ချေးတုံးတွေကြား လီယောင်တစ်ယောက်ပဲ ရှိတယ်' လို့ခေါ်တာ အသိသာကြီးကို]

[hahahahhaha လီယောင် လူတွေကို သဘောမကျတဲ့ ပုံစံက တအားရယ်ရတာပဲ၊ သူတို့တွေ ဆန့်ကျင်ဘက်မေဂျာတွေကိုများ အထူးပြုယူခဲ့တာလား?]

[ရှန့်ချောင်က ခိုးချတဲ့စာရွက် ကြိုမရေးထားဘူးဆိုတာ သေချာလား? သူ့ပါးစပ်ဖွင့်လိုက်တာနဲ့ တရစပ်ထွက်လာတာပဲ]

[ငါအဲ့မှာ ရှိခဲ့တာ၊ ငါ သက်သေထူနိုင်တယ်!!! တကယ်ကို ဘာခိုးချတဲ့စာရွက်မှ မရှိဘူး hahahhaah]

......

....

ထိုဗီဒီယိုကြောင့် 'Starlight junior' ၏ ပထမပိုင်းကြည့်ရှုနှုန်းမှာ မိုးထိမြင့်တက်သွားကာ အချိန်တူပြသသည့်ကျန်သည့် ရသစုံရှိုးများကို နောက်ကောက်ချထားခဲ့သည်။ လူတိုင်းက ကြည့်ပြီးသည်နှင့် ရယ်မောကြသော်လည်း အားလုံးက တထိုင်တည်းလက်တန်းရွတ်နိုင်သည့် ရှန့်ချောင်၏ စွမ်းရည်ကို အထင်ကြီးသွားကြသည်။

အချုပ်ဆိုရလျှင် ထို သက်တန့်ချီးတုံး စကားများနှင့် စာသားတွေကို လူတိုင်းသဘောကျကြကာ လက်ရှိတွင် အလွန်အမင်း နာမည်ကြီးနေသည်။ ဒီအကြောင်းအရာကို ကြည့်ခြင်းအားဖြင့် ရှန့်ချောင်၏ စာပေဗဟုသုတမှာ မနိမ့်ကြောင်း သိရှိနိုင်ကာ ယခင်က သူတို့အားလုံး မျက်မြင်ကိုယ်တွေ့ တွေ့မြင်ခဲ့ရသည်ကိုပါ အမှတ်ရနိုင်သည်။ အတူတကွယှဉ်တွဲနေထိုင်ခြင်း ရသစုံရှိုးရိုက်ကူးနေစဉ်အတွင်း လုရီဟန်၏ င်္သချာအိမ်စာကို သူမသင်ပြနိုင်သလို ထိုမျှနှင့်ပင် သူမပုံစံက အလယ်တန်းအောင်တစ်ယောက်နှင့် မတူကြောင်း ဆိုနိုင်သည်။

GTKWF (Myanmar Translation )जहाँ कहानियाँ रहती हैं। अभी खोजें