{Unicode}
အပိုင်း ၆ | ဒါက ဒီကမ္ဘာကြီးရဲ့ အပြစ်ပဲ
သူမနှင့် အရင်းနှီးဆုံးဖြစ်ခဲ့သူမှာ သူမကို ထူးဆန်းပြီး သင်္ကာမကင်းဖြစ်နေဟန် ကြည့်နေသည်ကြောင့် ရှန့်ချောင် ခါးသက်လာရသည်။ အတိတ်က ချောင်းယွီမှာ နာမည်ကျော်တွေနောက်လိုက်နေသည့် သူမကို နားတွေအူလာသည်အထိ ဆူလေ့ရှိသော်လည်း သူမအတွက် ဟော့ရှီးရဲ့ ဖျော်ဖြေပွဲလက်မှတ်ရရန် သူ့ဥပဒေအဆက်အသွယ်အားလုံးသုံးကာ ကူညီလေ့ရှိသည်။ သူ့ညီမဖြစ်သူ အလိုမကျဖြစ်မည်ကို နည်းနည်းလေးမှ မကြည့်ရက်သူဖြစ်သည်။
ထိုအကြောင်းကို ရှန့်ချောင် အမြဲနားလည်ခဲ့ကာ သူမထံ ဒီလို အစ်ကိုကောင်းတစ်ယောက် ပေးပို့ပေးသည့်အတွက် သူမမိဘများနှင့် ဘုရားထံ ကျေးဇူးတင်လေ့ရှိသည်။ သို့သော် ယခုအခါတွင်တော့ သူမရဲ့ အစ်ကိုဖြစ်သူမှာ သူမထံမှ ဆွဲထုတ်သွားခြင်းခံရလေပြီ။ သူမဒုက္ခရောက်သည့်အချိန်တိုင်း ကလေးတစ်ယောက်လို သူ နှစ်သိမ့်ပေးတော့မည်မဟုတ်ပေ။
ရှန့်ချောင် ခေါင်းငုံ့လိုက်ကာ သူ့ကို လက်ဖက်ရည်ဌဲ့ထည့်ပေးလိုက်ရင်း မျက်ရည်မကျမိစေရန် ထိန်းလိုက်သည်။ စကားမစခင် အသက်ပြင်းပြင်းရှုလိုက်သည်။
"ကျွန်မ ဖုန်းထဲမှာ ပြောခဲ့သလိုပဲ ဥပဒေနဲ့ဆိုင်တဲ့ ပြဿနာအချို့ ရှင်နဲ့ ဆွေးနွေးချင်တယ်"
ချောင်းယွီ သူမထံ လှမ်းကြည့်လိုက်ပြီး သူမအမူအရာမှာ စစ်မှန်ကြောင်း သတိပြုမိလိုက်ကာ သက်ပြင်းချလိုက်သည်။ အလုပ်နှင့်ပတ်သက်နေသ၍ သူ စီမံနိုင်သည်။ နာမည်ကျော်တွေရဲ့ စီးပွါးရေးကိစ္စများနှင့်သာ မပတ်သက်လိုခြင်းဖြစ်သည်။ သူ စိတ်အေးသွားသည်။
"မင်းရဲ့ အခြေအနေကို ပြောပါဦး"
ရှန့်ချောင် သူမ အိတ်ထဲက ဖိုင်ကို ထုတ်ယူလိုက်ကာ သူ့ဆီ ကမ်းပေးလိုက်သည်။
"ဒါကို အရင်ကြည့်ပါဦး"
ဒါက သူမရဲ့ စာချုပ်ဖြစ်ကာ ချောင်းယွီ စတင်ဖတ်တော့သည်။ သူ ပိုဖတ်လေ၊ ပိုထိတ်လန့်လေဖြစ်ကာ အဆုံးတွင်တော့ အလုပ်ကျင့်ဝတ်ကိုပင် သူ မေ့သွားသည်။
![](https://img.wattpad.com/cover/347509320-288-k405637.jpg)
BINABASA MO ANG
GTKWF (Myanmar Translation )
RomanceTitle: Get to Know about Wife Fan Author: Chun Dao Han Chapters: 167 chapter This is just a fan translation Credit to original author Start Date - End Date -