Chapter 45

2K 305 34
                                    

{Unicode}

အပိုင်း (၄၅)

အချိန်အတော်ကြာမှ ဟော့ရှီး မေးခွန်းထုတ်သံကို သူမကြားရသည်။

"ငါက နတ်ဘုရားဆိုရင် ဘာလို့ ကမ္ဘာမြေပေါ် လာရမှာလဲ?"

တရားမျှတမှုက သူမဘက်တွင် ရှိနေဟန်ဖြင့် ရှန့်ချောင်က ယုံကြည်ချက်ခိုင်ခိုင်မာမာဖြင့် ပြန်ဖြေသည်။

"ငါနဲ့ တွေ့ဖို့လေ"

ဟော့ရှီး - "....."

နောက်ဆုံးတွင် သူ့လေသံထဲ၌ ထင်ထင်ရှားရှားဖြစ်နေတဲ့ ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ချေ။

"ရှန့်ချောင် မင်း အနုပညာရှင် မလုပ်တော့ဘူးလို့ ဆုံးဖြတ်တဲ့နေ့ကျ မင်း ငါ့စတူဒီယိုဆီ လာပြီး စာရေးဆရာလာလုပ်"

ရှန့်ချောင်သည်လည်း ဖုန်းတဖက်ခြမ်းမှ ပြုံးလိုက်ကာ သူမ စောင်ပုံထဲတိုးဝင်လာရင်း လေသံမှာ နူးညံ့ချိုသာနေသည်။

"ဒါဆို သူဌေးက ငါ့ကို ပိုက်ဆံပိုပေးရမှာနော်"

သူက တိုးတိုးဖွဖွဆိုသည်။

"အွန်း၊ ကောင်းပြီ"

သူမ ပျော်ရွှင်လွန်းလှသဖြင့် စောင်ခြုံအောက်ရှိ ခြေထောက်ကို ကန်ဆော့လိုက်သည်။ ပျော်ရွှင်မှုကို ခံစားနေပြီးနောက် သူမ အချိန်ကို လှမ်းကြည့်လိုက်သည်။

"ဟော့ရှီး၊ အိပ်ရာစောစောဝင်လေ၊ အရမ်းနောက်ကျတဲ့ထိ မနေနဲ့၊ ရှင် နောက်ကျတဲ့ထိ နေရင် ရှင့်ပရိသတ်တွေ စိတ်ပူလိမ့်မယ်"

"ကောင်းပြီ၊ ဝမ်အန်း"

"ဟော့ရှီး ဝမ်အန်း"

အိပ်ပျော်ရန် ခက်ခဲမည့် ညဖြစ်မည်ဟု သူမ ထင်ထားခဲ့သော်လည်း သူ့ဖုန်းခေါ်လာမှုကြောင့် သူမ၏ အိပ်မက်များပင် နွေးထွေးနေသည်။

နောက်တနေ့မနက်စောစောတွင် အခန်းတံခါးဘဲလ်မည်လာချိန်တွင် ရှန့်ချောင်မှာ အိပ်ရာထဲတွင်ပင် ရှိနေသေးသည်။ ပေ့မင်းဖန် လာသည်ဟု တင်းကျန် ထင်မှတ်ကာ တံခါးသွားဖွင့်ရင်း ရှန့်ချောင်ကို ထရန် လှမ်းအော်သည်။

တံခါးအပြင်ဘက်မှာမူ ပါဆယ်သမား။

"ဟဲလို ခင်များ ပါဆယ်ပါ၊ ကျေးဇူးပြုပြီး လက်မှတ်ထိုးပေးပါ"

GTKWF (Myanmar Translation )Where stories live. Discover now