Chapter 137

1.4K 259 17
                                    

{Unicode}

အပိုင်း ၁၃၇

အိမ်အပြင်ဘက်ရှိ တဟွမ်မှာ တဖန် ဟောင်လာပြီးနောက် သစ်ကိုင်းကြားမှ ညလေအေးတိုးဝှေ့လာကာ အသံတချို့ ထွက်ပေါ်လာသည်။

သူ့လက်မောင်းကြားထဲရှိ ခန္ဓာကိုယ်သေးသေးမှာ မွှေးပျံ့နူးညံ့နေသည်။ ခပ်တင်းတင်းပွေ့ဖက်ထားမှုကြောင့် သူမနာကျင်သွားမည်ကိုပင် စိတ်ပူနေမိသည်။ သူမ၏ အနက်ရောင်ဆံနွယ်နှင့် နားရွက်ဖျားတို့အား ထပ်ဖန်တလဲလဲ နမ်းရှိုက်နေရင်း ရှန့်ချောင်က သူ့ရင်ဘတ်နားတိုးဝင်လာကာ သူ၏ ခပ်ပြင်းပြင်း နှလုံးခုန်သံကို ကြားနေရသည်။

သူ့နှလုံးသားရှိရာဆီ လက်တင်လိုက်ပြီးနောက် တိုးဖွဖွဖြင့်

"ဟော့ရှီး... နင် ရင်တွေ အရမ်းခုန်နေတယ်"

သူ့ခန္ဓာကိုယ်က ပို၍ တောင့်တင်းသွားသော်လည်း စိတ်ဆန္ဒကိုကား ဖိနှိပ်ထား၍ မရချေ။ ရှန့်ချောင် ချက်ချင်းဆိုသလို ခံစားလိုက်ရကာ ထပ်မလှုပ်ရဲတော့ပေ။ သူမဦးခေါင်းထက်ရှိ အသက်ရှူသံ ပို၍ ပြင်းပြလာသည်ကို ကြားနေရသော်လည်း သူ့ဘက်က ရှေ့ဆက်လာခြင်း မရှိပေ။ သူ၏ တောင့်တင်းနေသည့် ခန္ဓာကိုယ်နှင့် ပြင်းပြသည့် အသက်ရှူသံမှတဆင့် ထိန်းချုပ်ထားမှုကို သူမ ခံစားသိရှိနိုင်သည်။ သူမက သူ နာကျင်ခံစားရမည်ကို အမြဲတစေ အလိုမရှိခဲ့သူဖြစ်ရာ ရှက်ရွံ့စိတ်ကို ဖိနှိပ်ရင်း

"ဟော့ရှီး... ငါ ရ..."

ဟော့ရှီးက တိုးဖွဖွ ရယ်မောလာခဲ့ကာ သူမဦးခေါင်းထက် သူ့လက်ဖဝါးဖြင့် အုပ်မိုးကာ ဖွဖွထိတွေ့လာရင်း

"ဒီက အခြေအနေက အဆင်မပြေဘူးလေ၊ လိမ္မာတယ်.. စကားနားထောင်.. အိပ်တော့၊ ကိုယ် အဆင်ပြေတယ်"

ရှန့်ချောင်က သူ့ခါးထက်မှ သူမလက်တို့ ဖယ်ခွါသွားရင်း

"ဒါဆို နင့်ဘေး မအိပ်ပဲ အတွင်းဘက် ဝင်အိပ်လိုက်မယ်လေ"

သူက သူမအား ပြန်ဆွဲယူကာ ယခင်ထက်ပင် ပို၍ တင်းတင်းကြပ်ကြပ် ပွေ့ဖက်လာခဲ့ပြီးနောက် တိုးဖွသည့် လေသံဖြင့်

"ဒီတိုင်းအိပ်၊ ကိုယ် မင်းကို ဖက်ထားချင်လို့"

သူ့အား တဖန်ပွေ့ဖက်လိုက်ပြီး ပါးလျပ်သည့် အကျီပေါ်မှတဆင့် သူ့ခါးနှင့် ဝမ်းဗိုက်ကြွက်သားများမှာ ယခင်ကထက် ပိုမာကြော၍ ပိန်လာသည်ကို ခံစားရသော်လည်း သူ့ခန္ဓာကိုယ်မှာ ပိုမို ကြည့်ကောင်းလာမှုကြောင့် မနေနိုင်ပဲ ထိတွေ့လိုက်မိသည်။

GTKWF (Myanmar Translation )Where stories live. Discover now