၆၄

146 10 0
                                    

Please Dont's share or promote on Any SOCIAL MEDIA PLATFORM.

Unicode

"....."

"မမရယ်... သတ်ချင်လည်း သူကလေးမွေးပြီးမှ သတ်ပါလား"

ဟား! သူ(မ) ရယ်ချင်သည်။ မည်သူ့ကိုမဆို အချိန်မရွေးရက်စက်တတ်သည့် မောင်က တန်ဖိုးမရှိသည့်လူအတွက်ကျမှ လာတားနေ၏။ သည်ကိစ္စပြီးလျှင် သူ(မ) သိပ်ချစ်ရသော မောင်နှင့်လည်း စာရင်းရှင်းရမည်။

"ဪ... ပြောရက်တယ်နော်။ ညီမလေးတုန်းက ကလေးတောင်မမွေးနိုင်ဘဲ သေသွားရတာ။"

"ဒါပေမဲ့... "

"ဘာလဲ? သူ့ကို မသတ်နိုင်လောက်တဲ့ အကြောင်းအရင်းရှိလား? ဦးသူရဆက်ရဲ့အိမ်မှာပဲရှိနေရင် ငါ သက်ညှာပေးမလို့ပဲ။ ဒီအထိတောင် သူ့ခြေထောက်နဲ့သူလာတာဆိုတော့ သေချင်လို့မဟုတ်ဘူးလား?"

စီလီယာအတွက်မူ အသနားခံခွင့်ပင်မရှိပါ။ မမမေက သူ့ကိုသတ်ချင်လျှင် မာတဲအိုက သတ်ပေးလိမ့်မည်။ အဲသည်တုန်းကလည်း မာတဲအိုသည် သူကိုယ်တိုင်၏ဇနီးကို စီလီယာအမှတ်နှင့် ပစ်ခဲ့ခြင်းဖြစ်၏။ သည်လိုဆို သူ၏ သားလေးနှင့် နောင်ဘဝမှာသာ ပြန်ဆုံရတော့မည်။ မရေတွက်နိုင်သည့်အပြစ်များထဲမှ အဆိုးဆုံးအပြစ်ကိုပြောပါဆိုလျှင် သူ့ကိုယ်သူ ပြန်သတ်ရန် မဝံ့ရဲခြင်းဖြစ်၏။ လူတစ်ယောက် သေခါနီးအချိန်တွင် မည်သည့်အကြောင်းအရာတို့ကို စဉ်းစားမိလဲ သိချင်သည်။ သူ့အတွက်တော့ သေခါနီးအချိန်သုံးချိန်လောက်ရှိခဲ့ရာ ဒါဟာ နောက်ဆုံးအကြိမ်ဖြစ်ပါစေဟုသာ မျှော်လင့်မိသည်။ သူ သေချင်သည်ဟု စဉ်းစားလိုက်တိုင်း ပြန်၍ နိုးထလာတတ်သည်။ ယခုတစ်ခါလည်း ထိုသို့မဖြစ်စေချင်တော့ပေ။ မေ့လိုသာ နေရာမှာတင် ထွက်သက်စွန့်သွားချင်သည်။

"ဟက်! မောင်ကိုယ်တိုင် သတ်စရာမလိုပါဘူး။"

တဲ့။ ထိုသို့ဆိုပြီး ခနိုးခနဲ့ရယ်သည်။ ပြီး သူလိုက်လာသော ကားကိုမောင်းပြီး မောင့်နောက်တွင်ရပ်နေသော လူ၏ခါးမှ သေနတ်ကို သွားဖြုတ်ကာ ထိုလူ၏လက်ထဲသို့ပင် ထည့်ပေးလိုက်ပြီး

"ခေါင်းဆောင်ရဲ့ မိန်းမက အမိန့်ပေးတယ်။ သူ့ဗိုက်ကို ကျည်ကုန်တဲ့အထိ ပစ်ချေ!"

Boundless (OC)Where stories live. Discover now