၂၉

410 37 3
                                    

Please Dont's share or promote on Any SOCIAL MEDIA PLATFORM.

Unicode

နောက်နေ့တွင်မူ အစ်ကိုလေးသည် ထမင်းချိုင့်တစ်ခါတည်းထည့်သွားသည်။ အလုပ်မသွားခင်လည်း ဦးမြတ်အား ထမင်းချက်ကြီး ဘာပြောပြော နားထဲမဝင်ဖို့ စိတ်မချစွာ အတန်တန်မှာကြားခဲ့သေးသည်။ သည်လိုဆိုတော့ အစ်ကိုလေး သူအား "ချစ်တယ်"ဟုပြောခဲ့တာ တကယ်များလားဟု ဦးမြတ် ထင်မှတ်မိသည်။

" ဦးမြတ်... "

ခါတိုင်းလိုပင် သူ ထမင်းချက်ကြီးအား ကူပေးဖြစ်သည်။ အတွေးများ၍ တွေတွေရပ်နေသော သူ့အား သွက်သွက်လက်လက် ထမင်းချက်ကြီးက ခေါ်တော့ လန့်သွားသည်။ ထမင်းချက်ကြီးကို လှည့်ကြည့်လိုက်သော် မနေ့က မရှင်းမလင်းသော အတွေးများ သူ့ရင်ထဲ တစ်ဖန် ခိုအောင်းလာပြန်သည်။

" ဘာလဲ? မင်းပုံစံက သံသယများနေသလိုပဲ။ "

သူ၏ အတွေးအား ထမင်းချက်ကြီး သိပုံရသည်။ မှန်၏။ ပြောရလျှင် သူဌေးတို့ဇနီးမောင်နှံကွာရှင်းတာမှစ ကုမ္ပဏီယဲ့ယဲ့တစ်ခုသာ ကျန်တော့သည်အဆုံး သူ့ရင်ထဲ သံသယများစွာရှိနေသည်။ သို့သော် ပထမဦးစွာ သူသိသင့်သည့် ကိစ္စတစ်ခုကို မေးမိသည်။

" အမ်... အစ်မကြီးက... "

သူ သည်အိမ်ဆီ စရောက်လာကတည်းက ဂျွန်ခေါ်သူ ထမင်းချက်အမျိုးသမီးကြီးနှင့် တွေ့ခဲ့ရသည်။ အစပိုင်းတော့ အသံခပ်ဩဩကြောင့် ထူးဆန်းခဲ့သော်လည်း ဝလို့အသံဩတာနေမှာပါဟု၍ သူ့ကိုယ်သူ နှစ်သိမ့်ခဲ့သည်။ နောက်ပြီး သူ့ကိုယ်သူလည်း ကျွန်မ၊ ကျွန်မဟု သုံးနှုန်းသဖြင့် ဦးမြတ် သံသယမထားခဲ့။ ဒါပေမဲ့ မနေ့ညနေကတော့...

" ဘယ်သူလဲ...? "

မရဲတရဲမေးနေသော ဦးမြတ်၏ မျက်နှာကို ဂျွန် အကဲခတ်လိုက်သည်။ နောက် မျက်နှာပြန်လွှဲကာ သူ လုပ်လက်စကိုသာ ဆက်လုပ်ရင်း
" မင်း သိစရာမလိုဘူး။ "

ထိုအခါ ဦးမြတ် သူ့ကို ထပ်မမေးတော့ချေ။ သူလည်း ဘာမျှထပ်မပြောချင်။ မနေ့က သူလွန်သွားမှန်း သိပေမဲ့ ပြောခဲ့တာတေ‌ွသည် မှန်သည်ဟု ထင်သဖြင့် ပြန်မတောင်းပန်ချင်ပေ။

Boundless (OC)Where stories live. Discover now