၁၆

616 45 0
                                    

Please Dont's share or promote on Any SOCIAL MEDIA PLATFORM.

Unicode

"ဘာဗျ! အစ်ကို ဘာပြောလိုက်တယ်!"

သွင်ကိုတို့နှစ်ယောက်ဆင်းလာသည်နှင့် ဆူညံအော်ဟစ်နေသည့် အသံများကို ကြားလိုက်ရသည်။ သူ သက်ပြင်းချ၏။

" တကယ်ပါပဲ..."

ငြီးတွားပြီး သူ ဆက်သွားမည်ကြံလျှင် နောက်တွင် ကျန်နေခဲ့သော ဦးမြတ်ကို လှည့်ကြည့်ကာ

" လာလေ။ ဘာလုပ်နေတာလဲ?"

ဦးမြတ်က သူ့ကိုယ်သူ ပြဿနာအရင်းအမြစ်ဟု ထင်နေပုံရသည်။

" ကျွန်တော် ... တစ်နေ့လုံး ဘာမှမလုပ်ရသေးလို့ပါ အစ်ကိုလေး..."

" အဲဒီတော့?"

" အိမ်ကို လိုက်စစ်ကြည့်ပြီး ချက်ချင်း လာခဲ့ပါ့မယ်။ "

ထိုအခါ သွင်ကို စိတ်မရှည်တော့။ ဦးမြတ်၏ လက်ကို သွားဆွဲပြီး

"မင်းကိုယ်မင်း သူစိမ်းလို လုပ်မနေနဲ့တော့ ဦးမြတ်။ ငါ့စကားကို မလွန်ဆန်နဲ့။ "

ဦးမြတ်ကိုဆွဲ‌ေခါ်ရင်း လှေကားနှင့် စတိုခန်းကိုဖြတ်၍ စားခန်းဆီသို့ သွားနေတုန်း မရောက်ခင်လေးမှာ

" ဟမ်? ယော်ဦးမြတ်ကို ဘယ်တုန်းက ညီအဖြစ်သတ်မှတ်လိုက်တာလဲ ဦးသူရဆက်! ရှင့်ရဲ့ဇနီး ကျွန်မတောင် မသိရအောင် ခိုးကြောင်ခိုးဝှက်လုပ်ခဲ့တယ်ဆိုတော့ .... "

သွင်ကို ခြေလှမ်းတွေရပ်သွားသည်။ သူရပ်တော့ ဦးမြတ်ပါ ရပ်သွား၏။

" ရှင့်ကို ဒီလိုဖြစ်အောင် အဲဒီအပျက်ကောင်က ဘယ်လိုပြုစားခဲ့သလဲ?! "

"..."

" ဟက်! စီလီယာဆိုတဲ့ကောင်ရဲ့ရုပ်ကို ကျွန်မ မမြင်ဖူးတာ အခွင့်ကောင်းယူပြီး ယုံကြည်မှုကို ဒီလိုအလွဲသုံးစားလုပ်တာပေါ့ ဟုတ်လား?!"

" ဟုတ်တယ် မမ။ မေ့ကိုသတ်တာလည်း အဲဒီကောင်ပဲ!"

"မေမေ့အစား သူ့ကို လက်တုံ့ပြန်မယ်! ဘယ်သူမှ ကျွန်တော့်ကို လာမတားကြနဲ့! တရားခံကို အိမ်ပေါ်တင်ထားတဲ့ ဦးဆက်လည်း အပြစ်ရှိတယ်နော်!"

Boundless (OC)Where stories live. Discover now