၅၄

164 12 5
                                    

Please Dont's share or promote on Any SOCIAL MEDIA PLATFORM.

Unicode

" စီလီယာ?! "

အကျဉ်းထောင်ထဲတွင် နဲလ်လာက ဘယ်ညာလျှောက်၍ စီလီယာ့ကို မျှော်နေသည်။ သွားတုန်းကနှင့်မတူစွာ လူထွားတစ်ယောက်၏ အကြမ်းပတမ်း ဆွဲခေါ်ရာနောက် ဒရွတ်တိုက်ပါလာသည့် စီလီယာ့ပုံစံကို မြင်ပြီး သူ(မ) စိုးရိမ်တကြီး အော်ခေါ်မိသည်။ အထဲကို ကြက်ကလေး ငှက်ကလေး မ သလိုလည်း အုန်းခနဲ ပစ်ချခံလိုက်ရသည်။

ပါးတစ်ဖက်မှာ ဖူးရောင်နေပြီး သူ(မ)အုပ်ပေးလိုက်သော ဒဏ်ရာမှာ တစ်ဖန်သွေးတို့ စီးကျနေပြန်သည်။ စီလီယာ့အနား ကပ်သွားလိုက်ကာ ရင်ဘတ်ကို အဝတ်စဖြင့် အုပ်ပေးရင်း

" အ... အဆင်ပြေရဲ့လား စီလီယာ။ နာနေလား? "

သူ(မ)မေးလျှင် သူ့ကိုယ်သူ သတိဝင်အောင် မနည်းကြိုးစားနေရသော စီလီယာသည် ချက်ချင်း ပြန်မဖြေနိုင်သေး။ တော်တော်ကြီး ကြာပါမှ

" ပြန်ပေးဖို့ ကြာဦးမယ် ထင်ထားတာ"

မေးခွန်းနှင့် တက်တက်စင်အောင်လွဲသော အဖြေဖြစ်သည်။ စီလီယာ နွမ်းနယ်စွာပြုံးနေသည်။ သူ(မ)ကိုယ်တိုင်လည်းပဲ ယခုလို ရုတ်တရက် ဖြစ်သွားလိမ့်မည်ဟု ထင်မှတ်မထားပါချေ။ ဖြစ်ပျက်ခဲ့သမျှကို မေးချင်သော်လည် စီလီယာခမျာ မနည်း အားတင်းထားရရှာဟန်တူသည်။ ထို့ကြောင့်

" ငါမေးနေတာ မင်းရဲ့ ဒဏ်ရာကို။ "

သူ့ ဒဏ်ရာဟာ သူဌေးတို့၏ ဖြစ်အင်လောက် ဆိုးနိုင်ပါဦးမလားဟု စီလီယာ တိတ်တဆိတ် ယူကျုံးမရဖြစ်မိသည်။ သူသာ အစ်ကိုလေး ထွက်သွားခိုင်းကတည်းက ထွက်လာခဲ့ပါလျှင် ထိုအခြေအနေထိ ရောက်လိမ့်မည်မဟုတ်ပေ။ ယခုတော့....

တွေးတိုင်း မချိတင်ကဲ ဖြစ်ရသဖြင့် သူ့ကိုယ်သူသာ အပြစ်တင်ချင်သည်။ သူ မပြတ်သားခဲ့၍၊ အစ်ကိုလေးအနားတွင် ခဏလေးဖြစ်ဖြစ်နေရလျှင်ဆိုပြီး တစ်ကိုယ်ကောင်းဆန်ခဲ့၍ ဖြစ်သည်။ ယခု အစ်ကိုလေးတို့ အဆင်မှပြေရဲ့လား တွေးပူမိပြန်သည်။ တစ်ချိန်တည်းတွင် ညနေက အစ်မကြီး၏ မျက်နှာကို ပြန်မြင်ယောင်မိပြီး

Boundless (OC)Where stories live. Discover now