၃၅

389 25 0
                                    

Please Dont's share or promote on Any SOCIAL MEDIA PLATFORM.

Unicode

"နေမယ်။ ရှင်တို့ သားအဖနဲ့ပဲနေမယ်!"

သူ(မ) ရှေ့မှ ယောက်ျားသည် ခံစားချက်မှရှိရဲ့လားဟု ထင်မှတ်မိသည်။ ညီဖြစ်သူအစား အစားထိုးရှာ၍ရပါလျက်နှင့်။ မသိလျှင် သူ(မ) ချစ်ရသူနှင့် ခြိမ်းခြောက်ခံနေရသလိုပင်။ ထိုစကားများကို သူ(မ)နှုတ်မှ လိုလိုချင်ချင် ထွက်ကျလာအောင် သက်သက်လုပ်ယူနေသလားဟုပင် ထင်မှတ်မိသည်။

" မဟုတ်ရင်! ကိုယ့်ကိုယ်ကို သတ်သေလိုက်မှာနော် ဦးသူရဆက်! "

" မင်း! "

ထိုယောက်ျားက ခဏတာအထိ ဆောက်တည်ရာမရဖြစ်ပြီး နောက်ဆုံးတွင် သက်ပြင်းချကာ

" ဒါဆို ကတိတစ်ခုပေးနိုင်မလား?"

သူ(မ) မော့ကြည့်လိုက်သည်။ သူနှင့် အတူနေမည်ဟု ပြောနေသည်ကိုပင် မကျေနပ်နိုင်စွာ ကတိထပ်တောင်းနေသေးသည်။

" သားကို ကောင်းကောင်းမွန်မွန်ဆက်ဆံပေး။ မင်းဘက်က မိခင်တာဝန် ကျေပွန်ပေး။ "

" မမ! "

" အမေ့! "

လွန်ခဲ့သော နှစ်ပေါင်းများစွာက ဦးသူရဆက်ရှေ့ သူ(မ) ဒူးထောက်တောင်းပန်ခဲ့ရသည့် အကြောင်းအရင်းဖြစ်သူ မောင်သည် အတွေးလွန်နေသော သူ(မ)အား လက်ရှိပစ္စုပ္ပန်ဆီ ဆွဲခေါ်သည်။

" အိုး။ လန့်သွားတာလား? ဆောရီး ဆောရီး မမ~~ ကလေးလေးရေ ဒက်ဒီတောင်းပန်တယ်နော်~"

သူ(မ)၏ မသိမသာမို့မောက်နေသော ဝမ်းဗိုက်ကိုစမ်းပြီး တောင်းပန်နေသည့် မောင့်ကို မြင်ရတော့ သူ(မ)၏ ဆုံးဖြတ်ချက် မှန်သည်ဟု ထင်မှတ်မိသည်။ ယခုဆို ဘေးနားတွင် သူ(မ)ချစ်ရသည့် သူရော၊ ဗိုက်ထဲမှ ကလေးနှင့် သူ(မ)ဘက်မှ သားအရင်းပါဟု ထုတ်မပြောနိုင်သေးသည့် သားဇေပါ ရှိနေပြီ။ သို့ဆိုစေကာမူ သူ(မ) စိတ်တွေပေါ့မသွားပေ။ ဦးသူရဆက်၏ သွေးသားပေမဲ့ သူ(မ)၏ သားအရင်းဖြစ်သူ ကျန်ခဲ့၍လား၊ သို့မဟုတ် တခြားတစ်ခုခုကြောင့်လား အဖြေရှာမရချေ။

" ‌ခေါင်းဆောင် အသစ်က ဘယ်သူ‌ေတွလဲ မောင်?"

ဒက်ဒီလာနှင့် ဂွန်ထာတို့နေရာတွင် ခေါင်းဆောင်အသစ်များ ဝင်ရောက်သည်ဟု သူ(မ) ကြားထားသည်။ နောက်ပြီး မောင်ဟာ ဘဝကို ပေါ့ပေါ့ပါးပါးနှင့် ပျော်ပျော်နေတတ်လွန်းသဖြင့် ထိုအရေးကိစ္စမျို့ကို သူ(မ) စိတ်မပူဘဲ မနေနိုင်ချေ။

Boundless (OC)Where stories live. Discover now