၆၅

229 9 0
                                    

Please Dont's share or promote on Any SOCIAL MEDIA PLATFORM.

Unicode

တစ်အိမ်လုံး၊ အခန်းတစ်ခုလုံး ပစ်ခတ်သံများ ဆူညံသွားသည်။ ဘေးနားရှိ အစောင့်တစ်ယောက်ကို စီလီယာရှေ့ ဆွဲထည့်လိုက်သော မာတဲအိုကြောင့် ပို၍ အငြိုးကြီးသွားသည့် မိန်းမတစ်ယောက်ရယ်၊ ထိုသို့ ဓားစာခံဖြစ်သွားသော အစောင့်၏ အစ်ကိုဟာ ဘေးနားတွင် ရပ်နေရင်းက သူ့ညီအား လုပ်ရက်သည့်သူဌေးကို လက်တုံ့ပြန်ရန်ကြိုးစားသည့် နောက်ထပ်အစောင့်တစ်ယောက်ရယ်၊ ထိုအစောင့် သေနတ်ကိုင်ထားသောလက်အား ချက်ချင်း သတိပြုမိပြီး မတုံ့ဆိုင်းဘဲ ပစ်လိုက်သော မာတဲအို၏ လူယုံရယ်နှင့် ခဏအကြာထိ မုန်တိုင်း တိုက်ခတ်သွားခဲ့သည်။ ဒေါ်မိုးဦးမေက ကိုယ်တိုင် သေနတ်ဆွဲပြီး မထိသေးသည့် စီလီယာကို နောက်ထပ်ပစ်ဖို့ကြိုးစားပေမဲ့ မာတဲအိုသည် သူ့မိန်းမဆီ လျှောက်သွားပြီး လက်ကို ထိန်းချုပ်ထားလိုက်သည်။

"မမ... မလုပ်တတ်ဘဲနဲ့... "

ဒေါ်မိုးဦးမေသည်မူ ယောက်ျားဖြစ်သူ၏ လုပ်ရပ်ကြောင့် ပိုလို့ ဒေါသအမျက်ကြီးနေ၏။

"ဟဲ့! နင်က ဘာသဘောလဲ ဇေယျာ? အခုမှ နာတတ်နေတယ်ပေါ့?"

သူ(မ)ခမျာ စူးအောင့်နာကျင်နေသောဝမ်းဗိုက်ကြောင့်လည်း သာမန်နှုန်းထက် ဒေါသလှိုင်းတို့ တရိပ်ရိပ်တိုးနေတော့သည်။

"ဟား! သူများတွေပြောတုန်းက ငါ မယုံခဲ့ဘူး။ အခုတော့ နင်က ငါ့ရှေ့မှာ ပေါ်တင် သစ္စာဖောက်လိုက်‌တာပဲ ဟမ်?! အရမ်း ချစ်တတ်နေတယ် ဟုတ်လား?"

"မဟုတ်ပါဘူး မမရယ်..."

"မကိုင်နဲ့! ငါ့အသားကို မထိနဲ့.."

"မဟုတ်ဘူး မမ။ ကျွန်တော် သူ့ကို အပြစ်ပေးနေတာပါ။ သူ သေလောက်တဲ့အထိ လက်စားချေပြီးပါပြီ။ တစ်ခါတည်းသတ်လိုက်တာထက် ညှင်းပြီး နှိပ်စက်တာက ပိုမကောင်းဘူးလား မမ ဟင်?"

မာတဲအို အပျော့ဆွဲနှင့် ပြောပေမဲ့

"တောက်! ငါ့ကို လာမကိုင်ပါနဲ့ဆို! လူယုတ်မာကောင်!"

ဒေါ်မိုးဦးမေကလည်း မာတဲအိုကို နားမထောင်။ မာတဲအိုသည်လည်း ဒေါ်မိုးဦးမေ၏ လက်ထဲရှိ သေနတ်ကို လိုက်လုသည်။ သည်လိုနှင့် ရုန်းရင်း ဆန်ခတ်ဖြစ်ကြရင်း အဆင်သင့် မောင်းတင်ထားသော သေနတ်မှ ကျည်ဆံသည် အမှတ်တမဲ့ ဖိနှိပ်မိလိုက်မှုကြောင့်

Boundless (OC)Opowieści tętniące życiem. Odkryj je teraz