၂၄

531 35 0
                                    

Please Dont's share or promote on Any SOCIAL MEDIA PLATFORM.

Unicode

"!!!"

မနက်ခင်း ဦးမြတ်နိုးသောအခါ အိပ်ရာတစ်ခုလုံး ဖြစ်ပျက်နေပုံကို သူတွေ့လိုက်ရသည်။ ထို့အပြင် အစ်ကိုလေး၏ အင်္ကျီခါးနှင့် လက်မောင်းတွေပေါ်မှာပါ အနီကွက်တို့ စွန်းထင်းလို့နေ၏။ ထိုသို့ဖြစ်နေသည့် သူ့ကိုယ်သူ မနှစ်မြို့ပါ။ ခံရခက်လွန်း၏။ ‌နောက်ပြီး ဘာကြောင့်မှန်းမသိ သူ စိတ်တွေမရှင်းလင်း။ ယခုထိတောင် ရပ်မသွားသေးသည့် သွေးဆင်းမှုကို သူ မည်သို့ကိုင်တွယ်ရမည်နည်း။ ထရပ်လိုက်လျှင် ဘယ်အချိန်ကတည်းက စုနေမှန်းမသိသည့်အတိုင်း ကြမ်းပြင်ပေါ် တတောက်တောက် ကျဆင်းလာသည်။ ရုတ်တရက် သူ့ စိတ်ထဲ ဝမ်းနည်းလာပြန်သည်။ ထိုအရာများကို ဆောင့်ကြောင့်ထိုင်သုတ်နေချိန် တားမရအောင် မျက်ရည်ကျလာသည်။ အစ်ကိုလေး သူ့အား နာအောင်နှိပ်စက်လျှင်တောင် လုံးဝငိုလေ့မရှိခဲ့သည့် သူလိုလူက... ။

" ဦးမြတ်"

"ဟင်"

နောက်‌ေကျာမှ အစ်ကိုလေး၏ ခေါ်သံကြောင့် သူ မျက်ရည်တွေ အလျင်အမြန်သုတ်ဖယ်လိုက်သည်။ အစ်ကိုလေးအား သူ လှည့်မကြည့်ရဲဘဲ

" တောင်းပန်ပါတယ်... "

" ဦးမြတ်... "

" ကျွန်တော် ပြန်ရှင်းပေးပါ့မယ် အစ်ကိုလေး။ "

အသံကိုကြားရသလောက် ဦးမြတ် စိတ်လှုပ်ရှားလွန်နေပုံရသည်။ မန‌ေ့ညက သူ လေ့လာခဲ့သည့်အထဲတွင် သည်လိုအချိန်မျိုးဆို စိတ်အတက်အကျမြန်တတ်သည်တဲ့။ ဦးမြတ်လည်း ထိုသို့ဖြစ်နေခြင်းဖြစ်မည်။ သွင်ကို ထထိုင်လိုက်သည်။

" မရှင်းနဲ့။ ဒီအချိန်မှာ နားနေသင့်တယ်။ အအေးခံလို့လည်း မရဘူး။ ဗိုက်အောင့်တာမျိုးရှိလား? "

ဦးမြတ်က သူ့အား ကျောခိုင်းထား၍ မျက်နှာကို မမြင်ရချေ။ ခေါင်းယမ်းပြသည်ကိုသာ တွေ့ရသည်။

" ငိုနေတာလား? "

မသင်္ကာ၍ ဦးမြတ်အား ပုခုံးမှဆွဲ၍ သူ့ဘက်လှည့်လိုက်သောအခါ ထင်သည့်အတိုင်း မျက်ရည်ဝဲနေသည်။

Boundless (OC)Where stories live. Discover now