၁၇

573 40 0
                                    

Please Dont's share or promote on Any SOCIAL MEDIA PLATFORM.

Unicode

" ဆောရီးကွာ... ငါတစ်ယောက်တည်း နေချင်တယ်။"

သွင်ကိုသည် အရင်သွင်ကိုနှင့် မတူတော့ဟု အက်စတာထင်၏။ ပုံမှန်ဆို သူ့အား အော်လွှတ်သည်ဖြစ်ဖြစ်၊ ထိုးလွှတ်သည်ဖြစ်ဖြစ်လုပ်လိမ့်မည်။ ဆည်းဆာနေရောင်ခြည် ဖိတ်စင်ကျနေသော ပြတင်းဘောင်ကိုမျက်လံုးတစ်ဖက်တည်းနှင့်သာ မျက်တောင်မခတ်ဘဲငေးနေသည့် သွင်ကို့စိတ်ထဲ ဘာတွေတွေးနေလဲ အက်စတာ ခန့်မှန်းမရချေ။ သွင်ကို ဤသို့ ဒဏ်ရာ ကြီးကြီးမားမားရသည်မှာ သူ့အမေကြောင့်ဟု သွင်ကိုတို့အိမ်မှ ထမင်းချက်ကြီးဆီကနေ ကြားခဲ့ရသည်။ မိခင်တစ်ယောက်က သားဖြစ်သူကို ထိုမျှ ရစရာမရှိအောင် ဆုံးမသည်ကို သူ့ဘဝတစ်လျှောက် ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။

အခန်းရှေ့တွင် ရစ်သီရစ်သီလုပ်နေသော ဦးမြတ်က သူ ထွက်လာသည်ကိုမြင်သောအခါ သွင်ကို့အခြေအနေကို မေးချင်သော်လည်း မမေးရဲသည့်ဟန်။ ထို့ကြောင့် သူကပဲ

"အရင်ထက် စကားနည်းသွားတာက လွဲရင် အကုန်ကောင်းပါတယ် ဦးမြတ်ရဲ့။ ဒါပေမဲ့ သူတစ်ယောက်တည်းနေချင်တယ်လို့တော့ပြောတယ်။"

" ဪ ... ဟုတ်ကဲ့။ "

" ဒါနဲ့ ... ဦးမြတ်တို့ဆီမှာ ဧည့်သည်ရောက်နေတယ်ဆို? အခု ပြန်သွားပြီလား?"

ဧည့်သည်တွေ ပြန်လား၊ မပြန်လား ဦးမြတ် မသိပါ။ အစ်ကိုလေး ဆေးရုံစတက်သည့်နေ့ကတည်းက ယခု ခုနစ်ရက်မြောက်‌ေန့အထိ ဆေးရုံတွင်သာ သူ အချိန်ကုန်ဖြစ်ခဲ့သည်။ အစ်ကိုလေး သတိပြန်ရလာသည်ဟု ကြားသော်လည်း သူ မဝင်ရဲ၍ ဝင်မတွေ့ခဲ့ပေ။ သူ့ကိုမြင်ပြီး အစ်ကိုလေး ပေါက်ကွဲမည်စိုး၏။

" ကျွန်တော် မသိပါဘူး အစ်ကိုလေးအက်စတာ။ "

" အဲဒီလိုကိုး... လာ... ဒီမှာ လာထိုင်ပါဉီး။ "

ဦးမြတ်ကို လက်ဆွဲခေါ်ပြီး အက်စတာ ထိုင်ခိုင်းသည်။ ဘေးတွင် သူပါ ထိုင်ချလိုက်ပြီး စိတ်ကျနေဟန်တူသည့် ဦးမြတ်၏မျက်နှာကို တစ်ချက်အကဲခတ်၍

" ဟူး... သွင်ကိုတို့အိမ်မှာ ဘာတွေဖြစ်နေလဲ ကျွန်တော် မသိပေမဲ့... ဦးမြတ် အဆင်မပြေရင် ကျွန်တော့်ဆီ ခဏလာနေပါလား? အိမ်မှာ ကျွန်တော်နဲ့  ထိုက်စံ နှစ်ယောက်တည်း။"

Boundless (OC)Where stories live. Discover now