၄၄

343 23 1
                                    

Please Dont's share or promote on Any SOCIAL MEDIA PLATFORM.

Unicode

" ဘာလဲ? ကိုင်ရိုက အလုပ်လုပ်နေတာလား? "

မနက်ရောက်တော့ သွင်ကိုတို့ စုံတွဲနှစ်ယောက် အလုပ်သွားရေး မသွားရေးနှင့် ပတ်သက်ပြီး တိုးတိုးတိတ်တိတ် လွန်ဆွဲကြပြန်သည်။ သွင်ကိုက မသွားချင်၊ ဦးမြတ်က သူ့ကို မပူဖို့၊ စိတ်ချဖို့ ပြောသည်။ သည်လိုနှင့် သူတို့တွေ အခန်းထဲမှ ထွက်လာသည်အထိ စကားမပြတ်သေးရာ မျက်နှာချင်းဆိုင် အရင် ဒေါ်မိုးဦးမေနေခဲ့သော အခန်းထဲမှ ထွက်လာသူ ဂေါ့ဒရစ်က ကြားမိပြီး ထိုသို့ မေးလိုက်ခြင်းဖြစ်သည်။ နောက်ပြီး သူပဲ ပြန်ဖြေ၏။

" ဒီအချိန်မှာ စိတ်ချလို့ရသေးတယ်။ လနုသေးလို့ ဂရုစိုက်ရမယ်ဆိုပေမဲ့ အိမ်မှာ ငါလည်း ရှိတာပဲ။ မင်းလိုကျောင်းသားထက် ငါ့လို ဆရာဝန်တစ်ယောက် စီလီယာ့ဘေးမှာ ရှိနေတာ ပိုမကောင်းဘူးလား?"

သည်အချိန်မှပင် သူ စာမကြိုးစားခဲ့သည်ကို သွင်ကို နောင်တရ၏။

___________

" ပြောရမှာတော့ စိတ်မကောင်းပါဘူး..."

လူတစ်ယောက်စာသာ ကျယ်သော အခန်းကျဉ်းသည် သွေးညီနံ့တို့အပြင် နံရံတွင် စွန်းထင်နေသော သွေးကွက်တို့ဖြင့်ပါ စက်ဆုပ်စရာ ကောင်းလွန်းနေသည်။ ထိုအထဲတွင် လက်နှစ်ဖက်ကို သံကြိုးဖြင့် မြှောက်ချီခံထားရသော အမျိုးသမီးတစ်ဉီးသည် အရိုးအပြိုင်းပြိုင်း၊ မျက်နှာ အောက်စိုက်လျက် အသက်မျော့မျော့သာ ကျန်တော့ဟန်။

" ဂေါ့ဒရစ်က မင်းကို ထားခဲ့ပြီး ထွက်ပြေးသွားပြီတဲ့ ဟားဟား"

နဲလ်လာ အသက်ကို မနည်းလူရှူနေရသည်။ သူ ပြန်ပြောရန် အားယူပေမဲ့ အသံ တော်တော်နှင့်မျှမထွက်။ တစ်ကိုယ်လုံးတွင် ချွေးတို့၊ သွေးတို့ဖြင့် စေးကပ်နံ‌ေစာ်လျက်။ အသိမိတ်ဆွေ တစ်ယောက်သာ သူ(မ)အား ဤပုံစံနှင့် မြင်ရလျှင် မှတ်မိမည်မထင်။

ထိုစဉ် သူ(မ)အား ရေနှင့် ပက်ရန်ပြင်နေသော ရှေ့ရှိ လူ၏ အိပ်ကပ်ထဲမှ ဖုန်းသံမြည်လာသည်။ နဲလ်လာ စိတ်ထဲမှ စိတ်အေးသက်ပြင်းချမိ၏။ အနည်းခုတော့ ခုနေ သူ(မ) နှိပ်စက်ခံရမည့်ဘေးမှ လွတ်တော့မည်။

Boundless (OC)Where stories live. Discover now