၃၀

446 29 1
                                    

Please Dont's share or promote on Any SOCIAL MEDIA PLATFORM.

Unicode

" ဒေါသဖြစ်မနေနဲ့။ ဒီလိုစကားတွေက ကြားနေကျ။ အခုမတိုင်ခင်အထိ အတင်းအဖျင်းအနေနဲ့ပေါ့။ "

ကြီးကြပ်သူ ထွက်သွားတော့ မဆူးက မျက်မှန်ပင့်တင်ရင်း ဆိုသည်။ သွင်ကို့အထင်တော့ သူသာ တကယ် executive ရာထူးဆိုလျှင် အနည်းဆုံးတော့ အကြံမပေးလျှင်နေ။ သူတို့လုပ်နေသည့် procedureများကို မျက်လုံးနှင့်တော့ ဟိုဟိုသည်သည် ကြည့်သွားသင့်သည်။ ယခုတော့ သူတို့အား အငြိုးနှင့် နှိပ်စက်သွားသည်ဟု ထင်၏။

" ငါ့ကို လွှတ်လို့ရပြီလား?"

ယခုထိ သူ့လက်အား ချိုးတော့မလို ကိုင်ထားသည့် ထိပ်ထားရှင်က သူ၏စကားကိုကြားပြီး

" ဟ.. ဟုတ်ကဲ့။ တောင်းပန်ပါတယ်ရှင့်~"

လွတ်သွားသောလက်ကို နာလွန်း၍ သွင်ကို ပြန်ပွတ်နေရသည်။ ထိုတစ်နေ့ခင်းပြီးတော့ သူတို့အားလုံး စိတ်ဓာတ်တွေ အောက်ဆုံးအထိ ထိုးကျသွားကြသည်။ အဆိုးဆုံးမှာ မန်နေဂျာကြီးပင်ဖြစ်၏။

" အလုပ်မပြုတ်ချင်ဘူး... ငါ... ငါ... အီး... "

စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ခံလိုက်ရသဖြင့် သွေးရူးသွေးတန်းဖြစ်သွားဟန်တူသည်။ သွင်ကို မခံနိုင်တော့ဘဲ

" တိုင်ရမယ်။ "

"ဘာ?"

တိုင်ရန်ပြောသော သူ့ဘက် အကုန်လှည့်ကြည့်လာကြသည်။

" တိုင်သင့်တယ် မဟုတ်လား? ဒီလို ငြိမ်ခံနေမယ့်အစား။ "

သွင်ကို စကားအများကြီး ပြောမိသွားသည်။ သူ့ကိုယ်သူအတွက်လည်း မခံနိုင်သလို သူ၏လုပ်ဖော်ကိုင်ဖက်များအတွက်လည်း ခံပြင်းမိ၏။ ပုံမှန်ဆို သူသည် ဘယ်သူ့ကိုမျှ ဂရုမစိုက်တတ်သူတစ်ယောက်။ သို့သော် သည်ကနေ့မှ သူ့လို ခွေးတိုးပေါက်က ဝင်လာပြီး သူတို့အား ပညာပြသွားသည့်ကောင်ကိုတော့ ခွင့်လွှတ်ပေးစရာအကြောင်းမရှိပေ။ သူ့အဖေ၏ ကုမ္ပဏီ မည်သို့ပင်ဖြစ်ပါစေ မျက်စိရှေ့ အဖိနှိပ်ခံရသူများကို သူ ရပ်ကြည့်မနေနိုင်ပါ။

" ဘာမှမသိရင် ဆရာမလုပ်နဲ့ ဟေ့ကောင်။ "

စိတ်ဆက်သည့် ကတုံးက နားထင်ကြောတွေကို လက်နှင့်ဖိထားရင်း ဆိုသည်။ သွင်ကိုလည်း မရပ်နိုင်။ မည်သူ့ကိုမျှတိုင်မရပါက အလုပ်ထွက်လိုက်သင့်၏။ ဘာကြောင့်များ နှစ်ရှည်လများ သည်းခံနေလဲ သူ စဉ်းစားမရချေ။ သူ့လိုစရိုက်နှင့်ဆို ထိုကောင်ကို အသက်ငင်အောင်ထိုးပြီး အလုပ်ထွက်မိလိမ့်မည်။

Boundless (OC)Where stories live. Discover now