၃၈

542 35 0
                                    

Please Dont's share or promote on Any SOCIAL MEDIA PLATFORM.

Unicode

အိမ်ပြန်ရောက်လျှင် ရုန်းရင်းဆန်ခတ်ဖြစ်နေသော ဦးမြတ်နှင့် သူ့အဖေကို တွေ့ရသည်။ တစ်ယောက်က ဆေးရုံသွားဖို့ ဆွဲခေါ်၏။ တစ်ယောက်က ဆိုဖာကို ဖက်ထားပြီး ငြင်းသည်။ သူ ခေါ်လိုက်၏။

" ဦးမြတ်! "

သူ့ကိုလည်း‌ေတွ့လျှင် သူ့ဆီလျှောက်လာချင်ဇောနှင့် သူ့အဖေအတင်းဆွဲနေသည်ကို မေ့ပြီး ဆိုဖာကိုလွှတ်လိုက်ရာ ဦးမြတ် မှောက်ရက်လဲတော့၏။

"ဦးမြတ်!"

သူတို့သားအဖ ပြိုင်တူ ခေါ်လိုက်ကြသည်။ လဲကျသွားသော ဦးမြတ်ကို သွင်ကို သွားထူပေးလိုက်၏။ ထိုအခါ မော့ကြည့်ပြီး

" ကျွန်တော် ဘာမှမဖြစ်ပါဘူး အစ်ကိုလေး။ "

ဦးမြတ် အပြောနှင့် ခံစားချက် မညီသည်ကို သွင်ကို အသိဆုံးဖြစ်သည်။ ဖြူဖျော့နေသည့် နှုတ်ခမ်းသားတို့က နေရထိုင်ရအဆင်မပြေကြောင်း သက်သေဖြစ်သည်။ ဦးမြတ်၏ အောက်မျက်ခမ်းကို ဖြဲကြည့်တော့လည်း သွေးရောင်လွှမ်းမနေချေ။

" အင်း... အပေါ်တက်ရအောင်။ "

ဆိုကာ သူ ဦးမြတ်ကို အပေါ်သို့ ပွေ့ခေါ်လာခဲ့သည်။ ထိုစဉ် နောက်မှ စိတ်ပူစွာ လှမ်းပြောသံကိုလည်း ကြားလိုက်ရသည်။

" သွင်ကို နှိပ်စက်ရင် ကိုယ့့်ကိုပြန်ပြောချေ ဦးမြတ်။ မင်းကလည်း ဦးမြတ်ကို အနိုင်မကျင့်နဲ့ သွင်ကို။ အခြေအနေဆိုးရင် ဆေးရုံသွားကြ ကြားလား?"

_______________

တန်းနေအောင်‌ေဖြာင့်သည့် သူ့အဖေ မရိပ်မိသည်မှာ မဆန်းချေ။ သူသည်ပင် အစက လန့်သွားခဲ့သေးသည်။ စိတ်ပူ၍ပြန်လာပေမဲ့ သူ ဦးမြတ်အပေါ် စိတ်ဆိုးပြေသည်ဟုတော့ မဆိုလို။ ဦးမြတ်ကို အိပ်ရာပေါ်ချပေးပြီး ဘေးတစ်ဖက်တစ်ချက်စီကို လက်ထောက်လိုက်သည်။ သူ့အားပြောစရာမရှိသော ဦးမြတ်၏ မဝံ့မရဲမျက်လုံးတွေထဲ တည့်တည့်စိုက်ကြည့်ရင်း

" ခဲမှန်ဖူးတဲ့ စာသူငယ်လိုလုပ်နေတာ တော်တော့ ဦးမြတ်။ မင်းတစ်ယောက်တည်း ဒရာမာခင်းမနေနဲ့။ "

Boundless (OC)Onde histórias criam vida. Descubra agora