၂၅

442 28 2
                                    

Please Dont's share or promote on Any SOCIAL MEDIA PLATFORM.

Unicode

" ဒီမှာ ဒီမှာ ... မင်းက ဝန်ထမ်းသစ်လား? "

သူ့ဘေးတွင် ကပ်ထိုင်နေသော ကောင်လေးက အတော်လေး စကားများပုံရ၏။ သူ ရောက်ကတည်းက တစ်ယောက်မဟုတ် တစ်ယောက်ကို စကားလိုက်ပြောနေကာ ယခု သူ့ထံသို့ လှည့်လာခြင်းဖြစ်သည်။ ဒုတိယ အက်စတာကို တွေ့ရသလို သွင်ကို ခံစားမိသည်။ သူ ခေါင်းညိတ်ပြလိုက်လျှင်...

" အသက် ဘယ်လောက်လဲ? "

" နှစ်ဆယ်...….. တစ်? "

" ၂၁လား? "

သူ တစ်နှစ်ကြီးပြောလိုက်သည်။ ဘွဲ့မရသေးဟု အထင်ခံရမည်စိုး၏။ ဤကုမ္ပဏီတွင် သူ့အကြောင်း သိသူဆိုလို့ သူ့အဖေရယ်၊ ဒုဥက္ကဌရယ်သာ ရှိလိမ့်မည်။ ဒုဥက္ကဌကို အသိပေးလို့ ဖြစ်ပါ့မလားဟုမေးကြည့်တော့ တစ်ဖက်မှလည်း သူ့အရွယ် တူတစ်ယောက်ရှိပြီး ဤတွင် လာလေ့လာစေချင်ကြောင်းဆိုသဖြင့် အပြန်အလှန် သဘောတူညီမှုယူခဲ့ကြသည်တဲ့။ 

" ဒါဆို ငါက ပိုကြီးတာပေါ့ ဟီးဟီး~ ‌ငါ့နာမည် ဟန်ရဲပိုင်။ မင်းကရော?"

" အမ်... သွင်... ကို... "

" နှစ်လုံးတည်းလား?"

ဒီကောင် စကားများလိုက်တာ။

" အ... အင်း... နှစ်လုံးတည်း။ "

" ဒါဆို တို့တွေ သူငယ်ချင်း ဖြစ်သွားပြီနော်?"

သူနှင့် ပေါင်းချင်သည့်လူရော ရှိပါ့မလားဟု သွင်ကိုတွေးသည်။ တွေးသည့်အတိုင်း တခြားလူများမှာ သူ့ကိုယ်သူ ဟန်ရဲပိုင်ဟုမိတ်ဆက်သည့်ကောင်နှင့်မတူစွာ ကိုယ့်အလုပ်ကိုယ် အာရုံစိုက်လုပ်နေကြ၏။ ဟန်ရဲပိုင်နှင့် မျက်နှာချင်းဆိုင်တွင်ထိုင်နေသော မျက်မှန်နှင့်၊ ဆံပင်လှန်စည်းထားသည့် အမျိုးသမီးက ကီးဘုတ်ရိုက်နေရင်း သူတို့နှစ်ယောက်ကို မျက်လုံးလှန်ကြည့်ကာ

" ဟန်ရဲပိုင်? အလုပ်ချိန်မှာ အလုပ်လုပ်။ လူသစ်လေး?"

ဟန်ရဲပိုင်ကိုပြောပြီး သူ့ကိုပါ တန်းခေါ်သည်။ သွင်ကို ကျောတောင့်သွား၏။

" သူ့ကို အာရုံမထားနဲ့။ မန်နေဂျာပေးထားတဲ့ ပစ္စည်းစာရင်းတွေ အစ်မကို မေးလ်ပို့ပေး။ "

Boundless (OC)Where stories live. Discover now