၁၀

934 57 2
                                    

Please Dont's share or promote on Any SOCIAL MEDIA PLATFORM.



Uni

ဆောင်းနှောင်းပိုင်းရောက်၍ နေ့လည်နေ့ခင်း အိုက်စက်လှသည်။ ဦးမြတ်နိုးလာသောအခါ မွန်းလွဲ၃နာရီလောက်ရှိနေပြီဖြစ်သည်။ နေသားမကျပေမဲ့ ရင်းနှီးသည့် မျက်နှာကျက်ကြောင့် သူ အစ်ကိုလေး၏ အခန်းထဲ ရောက်နေမှန်း သိလိုက်သည်။ လူးလဲထရန်ပြင်သောအခါ သူ့အားဖိထားသော အလေးချိန်ကို ခံစားမိသဖြင့် လှည့်ကြည့်ရာ

" !!! "

အစ်ကိုလေးက သူ့ဘေးတွင် ကပ်အိပ်နေသည်တဲ့။ သည်တော့မှ သူလှဲနေသည်မှာ အစ်ကိုလေး၏ ခုတင်ပေါ်တွင်ဖြစ်နေသည်။ ထိုထက်ပိုဆိုးသည်မှာ သူ၏ကိုယ်ပေါ်ရှိ ထူးဆန်းသော အဝတ်အစားဖြစ်၏။ ဦးမြတ် လန့်ဖျပ်ပြီး ထထိုင်သည်။ သူ့အပြုအမူကြောင့် အိပ်မောကျနေသော အစ်ကိုလေးပါ မျက်လုံးဖွင့်ကြည့်လာသည်။ သူ၏ပုံစံကို အစ်ကိုလေးအား မမြင်စေချင်၍ ဦးမြတ် အလျင်စလို ခုတင်ပေါ်မှ ဆင်းသည်။ ထို့နောက် မူရင်းအဝတ်အစားများကို လိုက်ရှာ၏။

" ရှာမနေနဲ့။ တွေ့မှာမဟုတ်ဘူး။ လျှော်စက်ထဲမှာ။ "

" ဟင်? "

ဦးမြတ် မလုံမလဲ။

" ဒါ..ဒါဆို... ကျွန်တော်.."

အခန်းတံခါး သွားဖွင့်တော့မည့်သူ့အား

" ဒီပုံစံနဲ့အပြင်ထွက်ပြီး မင်းရဲ့ သူဌေးကို သွားမြှူစွယ်ဦးမလို့လား?"

ဦးမြတ်သာမန်လိုဖြစ်သွားသည်နှင့် ခနဲ့သည့်စကားများ ပြောရပြန်သည်။ သွင်ကို မျက်နှာကို လက်ဖြင့်သပ်ချလိုက်ကာ

" ဟူး... မင်း ငါ့ကို အသက်တိုအောင် လုပ်နေတာပဲ ဦးမြတ်။ "

ဦးမြတ်တစ်‌ေယာက် သူ၏ပုံစံကြောင့် ပြန်ချေပရန် စကားရှာမရဖြစ်နေသည်။ ထိုစဉ် တစ်ဆက်တည်း မနေ့ညက အိပ်မက်ဟုထင်ခဲ့သော ပုံရိပ်များမှာ သူ့ခေါင်းထဲ အစီအရီ ပြန်ပေါ်လာလျှင် ဉီးမြတ် ရှက်ရှက်နှင့်ထိုင်ချမိသွားသည်။ ဟုတ်သားပဲ။ အစ်ကိုလေး သူ့ကို ...

" ဟိုမှာ စားလိုက်ဦး။ "

အစ်ကိုလေးက စားပွဲဘက်ဆီ မေးငေါ့ပြသည်။ သေချာစဉ်းစားကြည့်မှ သည်ကနေ့ ကြာသပတေးနေ့သာရှိသေး၏။

Boundless (OC)Where stories live. Discover now