၁၄

744 38 0
                                    


Unicode

အခြေအနေအားလုံး တည်ငြိမ်သွားသည့် တစ်ပတ်ကျော်အကြာတွင်မှ သူ သတိပြန်လည်လာခဲ့သည်။ မျက်လုံးဖွင့်ကြည့်သောအခါ ပုံမှန်လို သူ၏အခန်းကျဉ်းလေးထဲတွင် လဲလျောင်းလျက်သားဖြစ်နေသည်။ အားလုံးကတိုက်ကရိုက်ဆန်သွားရာ ဖြစ်ပျက်ခဲ့သည့် ကိစ္စတွေအတွက် သူ မေးဖို့ မည်သူမျှ ရှိမနေ။ သို့သော် ထိုအချိန်က သူ့မျက်လုံးရှေ့ ချည်ထိုးဦးထုပ်ဝိုင်းလေး ခပ်ယဲ့ယဲ့လွင့်ကျလာခဲ့သည်ကိုဖြင့် သေချာမြင်ခဲ့ရပါသည်။ ပြန်စဉ်းစားကြည့်လိုက်တိုင်း ထိုမြင်ကွင်းသည် သူ၏ အသည်းနှလုံးကို ဆတ်ဆတ်ခါအောင် ကိုင်လှုပ်တုန်းဖြစ်သည်။ သူ့အပြစ်တွေဟာ ရေတွက်လို့ပင်မရတော့။ လူ့လောကထဲ မရောက်သေးသည့် သန္ဓေသားလေးသည်ပင် သူ့ကြောင့် မဖြစ်တည်ခင် ကြေမွခဲ့ရသလား မပြောတတ်ပေ။

" ဒါကို အမြဲမှတ်ထား‌ေနာ်~အသက်ရှင်စရာ အ‌ ‌ေကြာင်းပြချက်မရှိရင်‌ေတာင် အသက်ဆက်ရှင်ပါ။ တို‌ေတာင်းလွန်းတဲ့လူ့သက်တမ်းမှာ လူတစ်‌ေယာက်အသက်ရှင်ဖို့ အ‌ ‌ေကြာင်းပြချက်‌ေတွမလိုပါဘူး~"

ထိုအမျိုးသမီး ပြောခဲ့သည့်စကားဖြစ်သည်။ နောက်ဆုံးအချိန်ထိ မျက်နှာကိုပင် သေချာမြင်တွေ့ခွင့်မရလိုက်သည့် နတ်မိမယ်ကဲ့သို့ လူသားအမျိုးသမီးတစ်ဦးပင်။ ထိုအမျိုးသမီးလို နူးညံ့ခြင်းနှင့်အပြိုင် ရဲရင့်သည့် စိတ်ထားမျိုး သူ့တွင်ရှိချင်သည်။ သို့ဆိုပါလျှင် သူ့ကြောင့် လူတွေအားလုံး ဒုက္ခရောက်ကြမည်မဟုတ်ပေ။   အသက်ရှင်နေဖို့ မျှော်လင့်မိသည်။

အတန်ကြာအထိ ဆွေးမြေ့နေပြီးနောက် သူ စောင်ကိုလှပ်၍ ထထိုင်သည်။ သူ့လိုလူအတွက် နာကျင်မှု၊ ဝမ်းနည်းမှုတို့ကို အကြာကြီး ခံစားနေ၍မရချေ။ တစ်နေ့မလုပ်ရလျှင် တစ်နေ့မစားရ။ သို့ဖြစ်၍ နာနေသေးသော်လည်း အကောင်းတိုင်းဖြစ်သွားသည့် ခန္ဓာကို သန့်စင်ရန် ရေချိုးကန်ဆီ လျှောက်သွားသည်။ အလုပ်လုပ်နေစဉ်မှာလည်း သူ၏အတွေးတို့သည်မရပ်။ တစ်ဖန် ခေါင်းဆောင်ကို သတိရသွား၏။ နောက်မှ တစ်ဆက်တည်း ထိတ်လန့်စရာအ‌တွေးသည်ကား

' ခေါင်းဆောင်လည်း ဒီလောကမှာ မရှိတော့တာ မဟုတ်ပါဘူးနော်?' ဟူ၍။

Boundless (OC)Where stories live. Discover now