၂၂

591 34 4
                                    

Please Dont's share or promote on Any SOCIAL MEDIA PLATFORM.

Unicode

တစ်ခါတရံ မေမေ အဆင်ပြေရဲ့လားဟု သူ့စိတ်ထဲ တွေးမိပေမဲ့ ကြာကြာတော့မဟုတ်။ ဖေဖေ့ဆီမှ ထွက်သွားပြီး သူ့အမေ ဘယ်ရောက်နေမလဲ သွင်ကို မှန်းကြည့်စရာပင်မလို။ ထိုနေရာတွင် ပျော်လျှင်အဆင်ပြေတာပါပဲဟု သူ ယူဆထားသည်။ အရင်က အတုအယောင်ဂရုစိုက်ပေးမှုများအတွက် သူကသာ သတိရနေပေမဲ့ သူ့အမေကတော့ သူတို့သားအဖကို မေ့ချင်မေ့နေလောက်မည်။ သွင်ကို ထိုင်တွေးနေတုန်းမှာ ဦးမြတ်က ကိုယ်လက် သန့်စင်ပြီး အိပ်ခန်းထဲ ဝင်လာသည်။

" ကျွန်တော် ပြီးပါပြီ အစ်ကိုလေး။ "

သူ ဆတ်ခနဲလှည့်ကြည့်လိုက်၏။

အစ်ကိုလေး၏ ခပ်စူးစူးအကြည့်ကို မြင်သောခဏမှာ ဦးမြတ် သတိထပ်ရသွားပြန်သည်။

" အမ်~ အချစ်~ "

ဘယ်နှခါမှန်းမသိ အကြည့်နှင့် ပြင်ပေးနေရသဖြင့် သွင်ကို စိတ်မရှည်တော့။ သည်နေ့နှင့်ဆို ၃ရက်ရှိပြီဖြစ်သည်။

" ဆယ်ခါခေါ် ။ "

" ဗျာ? "

ထို 'ဗျာ?' ဟူသော ထူးသံသည် သူပြောသည်ကို မကြား၍မဟုတ်မှန်းသိ၏။

" စာကြည့်ရဦးမယ်။ မြန်မြန်ခေါ်။ "

သည်အခါ အတန်ကြာအထိ တိတ်ဆိတ‌်နေပြီးမှ

" အချစ်~ အချစ်~ အချစ်~ အချစ်~ အချစ်~ အချစ်~ အချစ်~ အချစ်~ အချစ်~ အချစ်~ "

သွင်ကို ကျေနပ်သွားသည်။ သူ မျက်လုံးမှိတ်ချပြီး ပြန်ဖွင့်လိုက်၏။ ထို့နောက် စားပွဲပေါ်တင်ထားသော စာအုပ်ထပ်ကို ညွှန်ပြလိုက်ကာ

" အဲဒါတွေ ယူလာပေး ဦးမြတ်။ "

သူညွှန်ပြရာကို ဦးမြတ် သွားယူသည်။ ပြီး အိပ်ရာပေါ် လှဲချလိုက်သော သူ့ထံ ပြန်လျှောက်လာကာ စာအုပ်တွေ ချပေးမည်အပြု ခွင့်မပြုဘ‌ဲ ဦးမြတ်၏ တစ်ကိုယ်လုံးကို ဆွဲယူပစ်လိုက်သည်။ စာအုပ်များ မွေ့ရာပေါ် ပြန့်ကျဲကျသွား၏။

" အင့်~ အချစ်~ "

" ငြိမ်ငြိမ်နေ "

ရုန်းထွက်သည့် ဦးမြတ်ကို ပြန်ဆွဲခေါ်ပြီး သူ့လက်မောင်းပေါ် ခေါင်းချပေးလိုက်သည်။

Boundless (OC)Tempat cerita menjadi hidup. Temukan sekarang