၄၅

407 24 3
                                    

Please Dont's share or promote on Any SOCIAL MEDIA PLATFORM.

Unicode

ဆရာဂေါ့ဒရစ်၏ ဝတ်စားနေထိုင်ပုံကို ကြည့်ရုံနှင့် သူဌေးလို လူကုံထံအသိုင်းအဝိုင်းမှ ဆင်းသက်လာမှန်း ဦးမြတ်၏ ဉာဏ်ရည်နှင့်တောင် သိသည်။ မတတ်သာသည့် အကြောင်းတစ်ခုခုကြောင့် ဤအိမ်သို့ လာနေမှန်းလည်း ရိပ်စားမိသည်။ ပုံမှန်ဆို သူစိမ်းတစ်ယောက်အား တောင်းဆိုရန် ဦးမြတ် မဝံ့မရဲဖြစ်မိမည်ဆိုသော်လည်း စိတ်ဆောင်နေ၍လား၊ သို့မဟုတ် မကြာခင် ကလေးတစ်ယောက်၏ မိခင်ဖြစ်တော့မှာကြောင့်လား မသိ။ မျက်နှာပြောင်တိုက်၍ မေးမိသည်။

" ကျွန်တော် ထွက်သွားချင်တယ်။ ‌"

ဂေါ့ဒရစ်က မျက်မှောင်ကြုတ်သည်။

" ဒါပေမဲ့ ကလေးအတွက်လည်း စရိတ်ရှာချင်တယ် ဆရာ။ "

" အဲဒီတော့? "

ဦးမြတ်က ပြောရခက်နေဟန် ခဏ တွန့်ဆုတ်နေပြီးမှ

" ဆရာ့အိမ်ကို ပစ်ထားခဲ့ရရင် ကျွန်တော့်ကို အိမ်စောင့်ခိုင်းလို့ရပါတယ်။ "

" ဘယ်လို?!"

စီလီယာဟာ ရိုးသားသလိုနှင့် စကားပြောလည်း လှ၏။

" နိုး နိုး။ ကိုယ်ဝန်သည်တစ်ယောက်ကို အိမ်စောင့်မခန့်ဘူး။ "

" တခြားနေရာမှာဆို အဆပေါင်းများစွာ ပိုဆိုးမှာပါ။ "

မည်သို့ပင် ဆိုစေကာမူ စီလီယာတောင်းဆိုတိုင်း သူ မလုပ်နိုင်။ သူတောင်မှ အိမ်တွင် အန္တရာယ်များ၍ ဒီအထိ ပြေးလာခဲ့ခြင်းဖြစ်သည်။ စီလီယာသည် မည်မျှပင် ပြည့်တန်ဆာဖြစ်နေပါစေ ယခုချိန်မှာတော့ သူတို့မိသားစုငါးခုထဲတွင် ဩဇာအကြီးမားဆုံး မိသားစု၏ သားမက် ဖြစ်နေ၏။ ထိုလူမျိုးကို သူ့ဆုံးဖြတ်ချက်နှင့်သူ မကိုင်တွယ်ရဲချေ။

" ဒါက တဖြည်းဖြည်းနဲ့ သိသာလာတော့မယ်။ ကျွန်တော် ထွက်သွားတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ အခုဆို ကုမ္ပဏီက တစ်ခုပဲရှိတော့တယ်။ သိပ်နားမလည်ပေမဲ့ အခုနေ ကျွန်တော့်အကြောင်း သိသွားကြရင် သူဌေးတို့ အဆင်မပြေတော့မှာစိုးတယ် ဆရာ။ "

Boundless (OC)Where stories live. Discover now