၄၈

275 18 6
                                    

Please Dont's share or promote on Any SOCIAL MEDIA PLATFORM.

Unicode

" ဘာ? မတွေ့ဘူး ဟုတ်လား? "

တူဖြစ်သူ၏ စကားကို စောမာန်က ဖုန်းဖြင့် တစ်ဖက်လူဆီ ဖောက်သည်ချနေ၏။ စီလီယာ့ကို မတွေ့ခဲ့ကြောင်းအပြင် လူစိမ်းဧည့်သည်နှစ်‌ယောက်ပါ ရောက်နေကြောင်း ပြောဆိုသည်။

" ဟမ်....? "

မာတဲအို တစ်ခဏမျှ စိတ်အေးလက်အေး စဉ်းစားသည်။ ထိုလူနှစ်ယောက်က ဘယ်လိုပုံစံလဲဟု မေးမြန်းကြည့်ရာ

" ဟား.... သူကိုး...။ ဟား ဟား ဟား..."

ဖုန်းတစ်ဖက်မှ ရယ်သံကြားရသဖြင့် စောမာန်က မေးသည်။

" ဘာလဲ? အသိလား? "

" ငကြောက်လေးက... အားကိုးရာရှာတာကိုး။ ဟက်... ဆိုးတာက..."

"....."

" သူ အားကိုးရှာတဲ့လူကြီးက အရှုံးသမား ဖြစ်နေတာပဲ...။ "

မာတဲအို ကျေကျေနပ်နပ်ကြီး ရယ်မောသည်။ ထို့နောက် သေချာ‌စေချင်သဖြင့် မနက်ဖြန်မှ သိမ်းရမည့်အိမ်ကို ညတွင်းချင်း သွား၍ သိမ်းယူခိုင်း၏။ သည်လိုနှင့် ဂေါ့ဒရစ်ဟု သူ့စိတ်ထဲယူဆထားသည့် ဧည့်သည်ပါ ဘုံပျောက်မည်။ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင် ပစ်လိုက်ခြင်းပင်။ တစ်ဖက်တွင်လည်း ဘာကြောင့် စီလီယာပျောက်နေလဲ ဆိုသည်ကိုတော့ သူ သံသယ ရှိဆဲဖြစ်သည်။ 

ထို့နောက် နောက်ဆက်လုပ်ရမည့် အဆင့်ကိုပြောပြီး သူ ဖုန်းချလိုက်သည်။ ထို့နောက် အတွင်းရေးမှူးကို ခေါ်ကာ

" ဂေါ့ဒရစ်ရဲ့ အိမ်မှာ အစောင့် ပိုချထားလိုက်။ "

နေစရာမရှိလျှင် သူ့ကိုယ်ပိုင်အိမ်ကိုသာ ပြန်လာစရာရှိသည်။ အရာရာတိုင်းသည် သူထင်ထားသည်ထက်ပင် လွယ်လွန်းနေ၏။ ဒါပေမဲ့.... ဖမ်းရခက်သည့်အရာ တစ်ခုတော့ရှိသေးသည်။ ပို၍ လိုချင်မက်မောလေ ပို၍ဖမ်းရခက်လေ။ ဘဝတွင် အမက်မောဆုံးလည်းဖြစ်၊ ဈေးပေါလျက်နှင့် ဖမ်းဆုပ်ရလည်းခက်သည့် စီလီယာ....

အဲသည်အချိန် ရူဘီနာတို့အိမ်သွားနေကတည်းက တစ်ခါတည်းသိမ်းပိုက်ခဲ့ရမည်ကို အစီအစဉ်အား ဦးစားပေးနေသဖြင့် ရူဘီနာ၏ မိန်းမကိုသာ ခေါ်လာခဲ့ရသည်။ ယခုမှ သူ နောင်တရသလို။ သို့နှင့် ခုနက ရယ်နေသော မာတဲအို၏ မျက်နှာတွင် စိတ်ပျက်ငြီးငွေ့မှုဖြင့် ပြည့်နှက်လာတော့သည်။

Boundless (OC)Hikayelerin yaşadığı yer. Şimdi keşfedin