၅၉

207 12 4
                                    

Please Dont's share or promote on Any SOCIAL MEDIA PLATFORM.

Content Warning: Depictions of Cruelty, Depression, Trauma

ွပ်!

ဝုန်း!

အားပြင်းသည့် လက်သီးချက်ကြောင့် စီလီယာ စားပွဲပေါ် ထိုးမှောက်သွားသည်။ သို့သော် သူ မနာအား။ ချက်ချင်းဆိုသလို စားပွဲနှင့် တည့်တည့်ဆောင့်မိသော ဝမ်းဗိုက်အပေါ်ဘက်ကို လက်ဖြင့် ကာလိုက်မိသည်။ သို့သော် နောက်ကျနေ၏။ သူကာလိုက်ချိန်နှင့်တစ်ပြိုင်တည်း ဝမ်းဗိုက်နံရံရှိအကြောတို့မှာ ဆစ်ခနဲ မျက်အောင့်သွားရသည်။ စီလီယာ မျက်လုံး စုံမှိတ်ပြီး အံကျိတ်ထားသည်။ ယခုအချိန် သူ့အား ထိုသူသုံးယောက်လုံး မညှာတာတော့မှန်း နားလည်ပြီးနောက်ပိုင်း ယခုဖြစ်စေ၊ နောက်တစ်နာရီဖြစ်စေ၊ နောက်တစ်ရက်လောက်ပဲဖြစ်စေ သူ မသေဆံုးခင်အတတ်နိုင်ဆုံးအချိန်ထိ ထိုက‌လေးကို ကာကွယ်သွားဖို့သာ စိတ်ပိုင်းဖြတ်မိသည်။

အုန်း!

"..."

အံကျိတ်ထားရာမှ မထိန်းနိုင်ဘဲ အင်းခနဲ မချိမဆန့်ညည်းသံ။ ထိုညည်းသံကိုကြား၍လည်း တစ်ဖက်လူမှာ သူ့ကို သနားမသွား။ ပို၍ ဒေါသမီးတောက်လောင်လာသော စောနေရိန်သည် ကြမ်းပြင်ပေါ် ခပ်ခွေခွေလဲကျနေသော စီလီယာကို ဆံပင်မှ ဆွဲဆုပ်ပြီး ဒရွတ်တိုက်ခေါ်၏။ စီလီယာ၏ ဝိုတဝါးအမြင်အာရုံထဲတွင် ကျန်လူနှစ်ယောက်မှာ ပြန်ထိုင်ပြီး ဆွေးနွေးမြဲတိုင်း ဆက် ဆွေးနွေးနေကြသည်ကို မသဲမကွဲတွေ့ရသည်။ ယခုအချိန်မှာ သူတို့ဆီက အကူအညီမျှော်လင့်ရန်ကို အပထား စောနေရိန်နှင့် လာမပူးပေါင်းသည်ကိုပင် သူ ကျေးဇူးတင်သည်။

တစ်ဖန် စောနေရိန်သည် စီလီယာ၏ ဗိုက်ကို ကာထားသော လက်တစ်ဖက်စီကို ဘယ်၊ ညာ သံကြိုးခတ်၍ နံရံတွင် မတ်တပ်ရပ်လျက် ဆွဲကပ်ထား၏။ အဝတ်တို့ တစ်ထည်မျှ မကပ်တော့သော သူ၏ ပုံစံသည် ကျန်လူနှစ်ယောက်တို့၏ အကြည့်တို့ကိုပါ ဖိတ်ခေါ်နေသကဲ့သို့။ စီလီယာ့အတွက်တော့ ရက်စက်၍ ခံစားမှုကင်းမဲ့သော အကြည့်သုံးစုံပင်။

စောနေရိန် လျှာသပ်လိုက်သည်။ သူ့မှာ စီလီယာ၏ မျက်နှာကို တစ်ချက်၊ ကျောကိုတစ်ချက် ခပ်နာနာထုပြီး မကျေနပ်သေး။ ခုခံမှုမဲ့နေသည့်အပြင် ခြေ၊ လက်တို့ အချုပ်ခံထားရသူကို မစာနာစွာ မျက်နှာအား ထိုးကြိတ်ပြန်သည်။ အချက်ပေါင်းများစွာပြီးနောက် စီလီယာ၏မျက်နှာဟာ ရစရာမရှိတော့ချေ။ ဖူး၍ ညို‌မည်းနေသော ဘယ်ဘက်မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့၏ သွေးထွက်ကာ ပုံပန်းပျက်မှုကို သေချာကြည့်ပြီး...

Boundless (OC)Where stories live. Discover now