145+146

652 75 1
                                    

စာစဉ် - ၆/ အခန်း - ၁၄၅+၁၄၆

အခန်း - ၁၄၅

စာမေးပွဲပြင်ဆင်ချိန်က ပိုပိုနီးလာသည်။ ရက်ပေါင်းရာကျော်ကလည်း မျက်စိတစ်မှိတ်အတွင်းပဲကုန်ဆုံးသွားပြန်သည်။

စာမေးပွဲမဖြေခင်သုံးရက်မှာ အထက်တန်းစီနီယာကျောင်းသားအားလုံး ပြာယာခတ်နေကြသည်။ ဒါပေမဲ့ လျှိုရှုထုံနဲ့ထန်ဝမ်ကတော့ ပုံမှန်ပင်။ နှစ်ယောက်သားက ပုံမှန်အတိုင်း ချိန်းတွေ့နေကြတုန်း။

စာမေးပွဲမဖြေခင်တစ်ရက်

လွန်ခဲ့တဲ့နှစ်ရက်က လင်းဝမ် လျှိုရှုထုံ စာမေးပွဲသွားဖြေလို့မရအောင် လုပ်ချင်လို့ အကြံထုတ်နေသည်။ သူမ လျှိုရှုံရဲ့ကျောင်းဝင်ခွင့်ကဒ်ကိုဆုတ်ဖြဲပစ်ချင်ပေမယ့် လျှိုရှုထုံရဲ့အခန်းထဲကိုတောင် ဝင်ခွင့်မရ။ ဒါပေမဲ့ ခွေးကြောက်တတ်တဲ့လျှိုရှုထုံအကြောင်းကိုသိတော့ နောက်တစ်နည်းစဉ်းစားသည်။

မြို့ထဲမှာ အသားနဲ့အရိုးတွေစားရတာကြိုက်တဲ့ ခွေးကို ပိုင်ထားတဲ့လူကို သူမ သိသည်။ တစ်ယောက်ယောက်ကသာ သူစားနေတဲ့အရိုးကိုသွားယူရင် ခွေးက သေအောင်ပြန်ကိုက်လိမ့်မယ်။

ဒါကိုတွေးမိတော့ လင်းဝမ်ရဲ့မျက်နှာက တောက်ပလာသည်။ လျှိုရှုထုံ ထန်ဝမ်နဲ့အပြင်ထွက်သွားချိန်မှာ လင်းဝမ် သူ့နောက်ကို တိတ်တိတ်လေးလိုက်သွားပြီး မနေ့က ယူလာတဲ့အရိုးကို သူ့ကိုယ်ပေါ်မှာချန်ထားလိုက်သည်။

ထန်ဝမ်ကိုခေါ်ကာ လျှိုရှုထုံ မြို့ပတ်လျှောက်လည်သည်။ ပြီးတော့ ထန်ဝမ်ကို စိတ်သက်သာအောင်လည်းလုပ်ပေးသည်။

"ဇနီးလေး မနက်ဖြန်စာမေးပွဲအတွက် မကြောက်နဲ့နော်။ ရလဒ်က ဘာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ အနာဂတ်မှာ ကိုယ်မင်းကို ထောက်ပံ့မှာ။ မင်းအိမ်မှာ လာတောင်းမယ်နော်"

အခုထိ လက်ထပ်ဖို့အသက်မပြည့်သေးတဲ့ကောင်ငယ်လေးက လာတောင်းမယ့်အကြောင်းပြောနေပြီ။ မိဘတွေခွင့်ပြုရင်တော့ ကိစ္စမရှိဘူးပေါ့။

ထန်ဝမ် သူပြောတာကြားတော့ ပြုံးလိုက်သည်။ သူမနှလုံးသားက နွေးထွေးသွားသလိုပဲ။ ဒါပေမဲ့ အနောက်ကနေ တစ်ယောက်ယောက်က သူမတို့ပေါ်ကို တစ်ခုခုပစ်လိုက်သည်။ ပြီးတော့ ခွေးတစ်ကောင်က ဟောင်ပြီးပြေးလာတာပဲ။

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now