73+74

2.6K 339 2
                                    

စာစဉ် - ၃ /အခန်း - ၇၃+၇၄

အခန်း - ၇၃

ဘာသာပြန်သူ - Emily (KKMJPKJL)

မင်းသားခုနစ်က သူ့ရဲ့အင်္ကျီလက်အိတ်ထဲက သေတ္တာအသေးလေးကို ယူထုတ်လိုက်သည်။

"ဒါက နယ်စပ်ကနေ ရခဲ့တဲ့ dzi ပုတီးစေ့တွေ။ နတ်ဆိုးရဲ့အရိပ်တွေကို ဖယ်ရှားပေးနိုင်တယ်ပြောတယ်။ မရီးတော် လက်ခံပေးမယ်လို့ မျှော်လင့်ပါတယ်"

ထန်ဝမ်က ဖုန်းချီထုံကိုကြည့်လိုက်သည်။ ဖုန်းချီထုံက ထန်ဝမ်ရဲ့အမူအရာကို သဘောကျနေသည်။ သူမရဲ့အရာအားလုံးကို သူသိနေသလို ခံစားနေရသည်။ ဒါကြောင့် သူ ပြုံးကာ ခေါင်းညိမ့်ပြလိုက်သည်။

ထန်ဝမ်လည်း သစ်သားသေတ္တာလေးကိုယူလိုက်သည်။ ထိုအခါ ဖုန်းချီထုံက
"ကျေးဇူးပဲ ညီခုနစ်!"

"အိမ်ရှေ့စံကလည်း ယဉ်ကျေးနေပြန်ပြီ! ဒါဆို ကျွန်တော် နန်းတော်ကိုပြန်ပြီး ဖခမည်းတော်၊ မယ်တော်နဲ့ ဘုရင်မကြီးကို သွားတွေ့လိုက်ပါဦးမယ်!"
မင်းသားခုနစ်က ပြုံးရင်းပြောသည်။

"အင်း သွားတော့!"
ဖုန်းချီထုံ ခေါင်းညိမ့်လိုက်ကာ သူ့ညီကို မင်းသားအိမ်တော်အပြင်ဘက်အထိ ကိုယ်တိုင်လိုက်ပို့သည်။ျ

မင်းသားခုနစ်ထွက်သွားတာနဲ့ ဖုန်းချီထုံ ချက်ချင်း ထန်ဝမ်ဘက်ကိုလှည့်လာကာ
"ကိုယ်တော်ရဲ့ကြင်ယာတော်က ဆေးဝါးဘက်မှာ…လည်း ထူးချွန်မယ်လို့ ကိုယ်တော် မမျှော်လင့်ထားမိဘူး"

အချိန်အတော်ကြာနေမကောင်းဖြစ်ပြီးနောက် သူ့ကိုယ်သူ ဂရုစိုက်နိုင်ဖို့အတွက် သူ ဆေးဝါးပညာကို သင်ယူခဲ့ဖူးသည်။ ဒါကြောင့် ထန်ဝမ် ညီခုနစ်အတွက်ရေးပေးတဲ့ဆေးစာတွေက ရိုးရိုးဆေးဖက်ဝင် လက်ဖက်ရည်ဖော်စပ်နည်းနဲ့ မတူဘူးဆိုတာကို သူ ကြည့်လိုက်တာနဲ့ကို သိသည်။

ထန်ဝမ် စိတ်ထဲမှာ နည်းနည်းလန့်သွားမိပေမဲ့ အပြုံးတစ်ခုကို တပ်ဆင်လိုက်ကာ
"မင်းသားက မြှောက်ပြောနေပြန်ပါပြီ။ ဒီကြင်ယာတော်က ဆေးစာ တစ်အုပ်နှစ်အုပ်လောက်ပဲ ဖတ်ဖူးတာပါ။ ဆေးဝါးအကြောင်းကို မသိပါဘူး"

"ကိုယ်တော့်ကြင်ယာတော်က အရမ်းကို နှိမ့်ချနေတာပဲ"
သူ သူမကို ပြုံးပြီးကြည့်လိုက်ကာ ထပ်မမေးတော့ပေ။ အဲဒီအစား သူမခါးကိုဆွဲဖက်ကာ အိပ်ဆောင်ထဲ တိုက်ရိုက်ဝင်သွားလိုက်သည်။

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now