103+104

2.3K 251 4
                                    

စာစဉ် - ၅/အခန်း - ၁၀၃+၁၀၄

အခန်း - ၁၀၃

ချစ်စရာလေးက ကြောင်တောင်တောင်လေးဖြစ်နေက
/မသိဘူးလေ။ တိုက်ဆိုင်တာပဲဖြစ်မှာပါ/

သူ တကယ်မသိဘူးဆိုတာကိုမြင်တော့ ထန်ဝမ်လည်းအလျော့ပေးလိုက်သည်။ ထို့နောက် စိတ်ထဲက ဖိအားတွေကို ထိန်းချုပ်ကာ ကံစမ်းတဲ့ဘုတ်ပြားကိုလှည့်လိုက်သည်။

ဘုတ်ပြားက ခပ်မြန်မြန်လှည့်နေပြီး သိပ်မကြာခင်မှာပဲ သေးငယ်တဲ့ရွှေရောင်ကြယ်လေးကျလာသည်။ ထန်ဝမ် ဘာမှမတုံ့ပြန်ရသေးခင် ချစ်စရာလေးဆီက အံ့သြပြီးပျော်ရွှင်နေတဲ့ အသံအရင်ထွက်လာသည်။
/အား..ဒါက SSRပဲ/

သူ့စကားကိုကြားတော့ ထန်ဝမ် အင်အားတွေပြည့်လာသည်။

/ဂုဏ်ပြုပါတယ် host။ ပွိုင့်၁၀ကြိမ်တိုးကတ်ကို ကံစမ်းမိပါတယ်။ ချက်ချင်းအသုံးပြုရပါမယ်။ hostရဲ့ပွိုင့်တွေကို ၁၀ကြိမ် တိုးလို့ရပါပြီ/

သူ့အသံကိုကြားတော့ အခုနက /မတော်တဆသေသွားရလို့ စိတ်ညစ်နေတာတွေ/ ပျောက်သွားသည်။ ဘာလို့ဆို ဒါကိုသုံးပြီးရင် သူမရဲ့အမှတ်တွေက ၁၀၀၀၀တောင်ဖြစ်သွားမှာလေ။ ဒါက တစ်ခါတည်း မစ်ရှင် ၁၀ခု လုပ်ခဲ့သလိုမျိုး ဆုကြေးငွေလေ။

ထန်ဝမ်ရဲ့မျက်နှာအမူအရာကိုတွေ့တော့ ချစ်စရာလေးက မနေနိုင်တော့ပဲ အားပေးသည်။
/ဂုဏ်ပြုပါတယ် host။ မစ်ရှင်ကမ္ဘာထဲမှာ တာဝန်ထမ်းဆောင်ခဲ့တာက အမှတ် ၅၀ရပါတယ် လက်ရှိစုစုပေါင်းအမှတ်က ၁၁၀၀၀ပါ/

မစ်ရှင်ကမ္ဘာ၂ခုပဲသွားရသေးတာတောင် အမှတ် ၁၁၀၀၀ရနေပြီ။ hostက အရမ်းမိုက်တာပဲ။

"အဟက်"
ထန်ဝမ်လည်း ရယ်လိုက်သည်။

/hostရဲ့ခံစားချက်တွေကို ဖယ်ထုတ်ပါတော့မယ်။ ပြင်ဆင်ထားပါ/

ထန်ဝမ် ခေါင်းညိမ့်လိုက်တာနဲ့ ဖုန်းချီထုံအပေါ် သူမရဲ့ခံစားချက်တွေက ဒီရေလိုပဲ မြန်မြန်ပျောက်ကွယ်သွားကာ ခေါင်းကိုက်မှုပဲကျန်ခဲ့တော့သည်။

/host နောက်ကမ္ဘာကိုသွားဖို့ အဆင်သင့်ပြင်ပါ/

/အင်း/

/အချိန်နေရာ အဆင်ပြေ...သင့်တော်တဲ့အားအင်ရှိ၊ ကျ။ ကူးပြောင်းမှုအောင်မြင်ပါတယ်/

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now