25+26

3.3K 416 11
                                    

စာစဉ် - ၁ / အခန်း - ၂၅+၂၆

အခန်း - ၂၅

ဘာသာပြန်သူ - Emily (KKMJPKJL) 

မူရင်းဇာတ်လမ်းထဲမှာ ယွင်နွမ်က ထန်ယိထုံဗိုက်ဆာနေတဲ့အချိန်မှာ အစားအစာအချို့ပေးခဲ့ဟန်ရှိသည်။ ဒါကြောင့် ထန်ယိထုံရဲ့စိတ်ထဲ စွဲမြဲသွားတာဖြစ်လိမ့်မည်။ နောက်ပိုင်း ထန်ယိထုံရဲ့ဘဝအမှန်ကိုသိသွားတော့လည်း သူမက ထန်ယိထုံကို ဆက်ပြီးကူညီပေးခဲ့သေးသည်။ ရေဗူးပေးတာတို့ မုန့်ဝယ်ကျွေးတာတို့နဲ့ နွေးထွေးမှုကို ပေးခဲ့သည်။

ဒါကြောင့်ပဲ ထန်ယိထုံက ယွင်နွမ်ကို ကမ္ဘာပေါ်မှာ သူ့ကို အနွေးဓာတ်ပေးနိုင်တဲ့ တစ်ယောက်တည်းသော လူလို့ သတ်မှတ်လိုက်တာဖြစ်သည်။ ဒါပေမဲ့ နောက်ပိုင်းမှာ ယွင်နွမ်က ဒီကမ္ဘာရဲ့သားတော်ဖြစ်တဲ့ လုယိနဲ့အတူတူရှိခဲ့ကြသည်။ လုယိပေါ်လာပြီးနောက်ပိုင်းမှာ ယွင်နွမ်က ထန်ယိထုံကို အရင်ကလို အာရုံမစိုက်တော့ပေ။ ဒါကပဲ ထန်ယိထုံရဲ့နှလုံးသားကို အရင်ကထက်ပိုပြီးတော့ အေးစက်ခက်ထန်သွားစေခဲ့သည်။

လုယိက ဆေးပညာကိုလေ့လာတာကြောင့် ထန်ယိထုံက ဗိုင်းရပ်စ်ကို ဖန်တီးကာ လုယိနဲ့ယွင်နွမ်ရဲ့မင်္ဂလာပွဲနေ့မှာ ဗိုင်းရပ်စ်ကို ဖြန့်ခဲ့သည်။

/host အဲဒီယွင်နွမ်က နင့်လောက်တောင် ကြည့်မကောင်းဘူးနော်!/
ချစ်စရာလေးက ထွက်ပေါ်လာသည်။

/သေချာတာပေါ့။ ဒီလိုဇာတ်လမ်းမျိုးမှာ အဓိကဇာတ်လိုက်မတွေက နူးညံ့ပြီးကြင်နာတတ်မယ့် အပြစ်ကင်းတဲ့ရုပ်လေးတွေပဲရှိတာ။ ဒါကြောင့် သူတို့ရဲ့ရုပ်ရှည်က အပြစ်ကင်းတဲ့ဘက်ကိုသွားပြီး သာမန်လိုဖြစ်သွားကြတာ။ တစ်ဖက်မှာတော့ အမျိုးသမီးဇာတ်ရံတွေက သူဋ္ဌေးသမီး ယုတ်မာကောက်ကျစ်တဲ့သူတွေဆိုတော့ ထက်မြက်ပြီးလှပနေရမယ်လေ!/

သူမရဲ့ရုပ်ရည်နဲ့ဆိုရင် တိုင်းပြည်မှာ မဟုတ်ရင်တောင်မှ မြို့နယ်တစ်ခုလုံးရဲ့အချောဆုံးအလှလေးအဖြစ် သတ်မှတ်လို့ရနိုင်သည်။

ချမ်းသာပြီးချောမောတယ်ဆိုတဲ့ အော်ရာက ဘဝမှာ အလိုလိုအနိုင်ရပြီးသားဖြစ်တဲ့ အရောင်အဝါတစ်ခုပဲလေ! ဒါပေမဲ့ သူမရဲ့အရင်ဘဝရလဒ်ကတော့ အရာရာအဆင်ပြေနေပြီးမှ ယောက်ျားမရပဲသေခဲ့ရတယ်!

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now