139+140

1.2K 112 7
                                    

စာစဉ် - ၆/အခန်း - ၁၃၉+၁၄၀

အခန်း - ၁၃၉

"Tears နင် ဒီမှာဘာကြောင်ရပ်နေတာလဲ။ မြန်မြန်ပုန်းလေ။ သူတို့က အရမ်းကိုကြမ်းကြမ်းတမ်းတမ်းရန်ဖြစ်တော့မယ်လေ။ အောင်းထျန်းဆိုတဲ့ကောင်က အရမ်းစိတ်ကြီးတယ်။ ငါ နင့်ကို သူနဲ့မိတ်မဆက်ပေးမိတာ ကံကောင်းတာ…"

"နင် ဘာပြောတာလဲ"
ထန်ဝမ်မေးလိုက်သည်။ မူရင်းဇာတ်လမ်းထဲမှာ ထန်ဝမ် ဆံပင်ဆိုင်မှာတွေ့ခဲ့တဲ့လူက အောင်းထျန်းလား။

ထန်ဝမ် လျှိုရှုထုံအနားကိုသွားလိုက်ကာ
"ထုံထုံ သူနဲ့ရန်မဖြစ်နဲ့။ ဒီမှာကွန်ပြူတာတွေရှိနေတာပဲ။ ငါတို့ အဆာပြေအရင်သွားစား…"

လျှိုရှုထုံ ထန်ဝမ့်ပါးကိုထိလာသည်။ သူ ရန်ဖြစ်ဖို့အတွက် သူမဆီက ခွင့်တောင်းတော့မယ်လို့ထင်လိုက်ပေမယ့်
"ဇနီးလေး မင်းက အရမ်းတော်တာပဲ"

ပြီးတော့ သူ အောင်းထျန်းကိုကြည့်လိုက်ကာ
"ငါ့ကောင်မလေးကြောင့် ငါ မင်းနဲ့ဒီနေ့ ရန်မဖြစ်တော့ဘူး။ အရင်စည်းမျဉ်းအတိုင်းပဲ ငါတို့ လေ့ကျင့်ခန်းထဲမှာပဲ ရန်ဖြစ်မယ်။ ရှုံးတဲ့လူက ဒူးထောက်ပြီးနိုင်တဲ့လူကို အဖေခေါ်ရမယ်။ မင်းစိန်ခေါ်ရဲလား"

"ရတယ်လေ။ မင်း မလုပ်ရဲမှာကိုပဲ ငါက ကြောက်တာ"
အောင်းထျန်း ယုံကြည်ချက်မရှိပေမဲ့ လူအများကြီးကဝိုင်းကြည့်နေတာကြောင့် လက်မခံရင်ရှက်စရာကောင်းတယ်လို့တွေးပြီး လက်ခံလိုက်သည်။ ပြီးတော့ ဒီလတွေထဲမှာ လျှိုရှုထုံက အကမလေ့ကျင့်တာကြာပြီမလား။

ထန်ဝမ်က လျှိုရှုထုံရဲ့ပခုံးကိုပုတ်လိုက်ကာ
"ထုံထုံ ငါ သူနဲ့ပြိုင်ပေးရမလား။ သူက နင့်နဲ့ယှဉ်ဖို့ မထိုက်တန်ဘူး"

ဒီအောင်းထျန်းဆိုတဲ့လူက မူလထန်ဝမ်ကို ရောင်းစားခဲ့တယ်။ ဒါကြောင့် သူမ အဲကောင်ကိုသင်ခန်းစာပေးကိုပေးရမယ်။

ထိုစကားကိုကြားတော့ အောင်းထျန်းက
"ဒါ မင်းပြောတဲ့စကားနော်"

လျှိုရှုထုံရဲ့စကေးကိုသူ နိုင်ဖို့ မသေချာပေမယ့် ဒီကောင်မလေးက သူ့ကိုယှဉ်နိုင်မှာတဲ့လား? ကြွားတာမဟုတ်ပေမဲ့ ဒီမြို့မှာ လျှိုရှုထုံတစ်ယောက်ပဲ သူ့ကိုနိုင်တာ။ မိန်းမတစ်ယောက်က သူ့ကိုနိုင်မှာတဲ့လား။ အိပ်မက်ပဲမက်နေလိုက်။

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now