115+116

1.5K 204 5
                                    

စာစဉ် - ၅ / အခန်း - ၁၁၅+၁၁၆

အခန်း - ၁၁၅

လျှိုရှုထုံကိုကြည့်ပြီး ထန်ဝမ် ခေါင်းညိမ့်ပြလိုက်သည်။ ထိုအချိနှ်မှာ ဆရာမက သင်ခန်းစာကို စသင်နေပြီ။

ဒါပေမဲ့ ကျောင်းကိုလွယ်အိတ်တောင်ယူမလာတဲ့ လျှိုရှုထုံတစ်ယောက်ကတော့ ထန်ဝမ်ဘက်ကို ခေါင်းရောကိုယ်ပါစောင်းပြီး ငေးစိုက်ကြည့်နေတော့သည်။

အရမ်းချစ်စရာကောင်းတယ်။

ထန်ဝမ် သူ့ပုံစံကြောင့် ပြောစရာစကားမဲ့သွားသည်။ ဒါပေမဲ့ စိတ်ထဲကနေပဲ //ဒါက နင့်ရဲ့အနာဂတ်ယောက်ျားလေ ထန်ဝမ်။ သူ ဘယ်လောက်အကျင့်ပျက်ပျက် ကိစ္စမရှိဘူး။ နင် သည်းခံရဦးမယ်//

နှစ်သက်မှုအမှတ် မပြည့်ခင်အထိ သူ့ကို ဒီအတိုင်းလွှတ်ထားပေးရဦးမယ်။

ထန်ဝမ် ခေါင်းလှည့်ကာ ရှက်သွေးဖြာနေတဲ့မျက်နှာနဲ့ သူ့ကိုကြည့်ပြီး ပြုံးပြလိုက်သည်။ လျှိုရှုထုံကတော့ သူမအပြုံးကြောင့် ထပ်ပြီးရူးသွားပြီဆိုတာကို သူမ မသိခဲ့။

အိုး…အရမ်းချစ်စရာကောင်းတာပဲ။

သူမက ချစ်စရာကောင်းဖို့အတွက် ကြီးပြင်းလာတာလား

သူမက ချိုသာပြီးတော့ သိမ်မွေ့တယ်။ marshmallowလိုပဲ။ သူ့ကို တစ်လုတ်တည်းနဲ့ အကုန်လုံးမြိုချပစ်ချင်အောင် လုပ်နေတာ။

လျှိုရှုထုံ လည်စလုတ်က အပေါ်အောက် လှုပ်ရှားသွားသည်။ သူ ထန်ဝမ့်နားအနားကိုကပ်သွားကာ
"ချစ်စရာလေး မင်းမျက်နှာမှာ တစ်ခုခုရှနေပုံပဲ"

ထန်ဝမ် ချက်ချင်း သူမမျက်နှာကိုထိလိုက်သည်။ မနက်စာစားတုန်းက မျက်နှာမှာ တစ်ခုခုပေကျန်နေခဲ့တာလား။

"တကယ်ကြီးတစ်ခုခုပေနေတာလား"
ထန်ဝမ် အသံတိုးတိုးလေးနဲ့မေးလိုက်သည်။ သူမ မျက်နှာမှာ ထမင်းလုံးတွေ မကပ်တာ အရမ်းကြာပြီလေ။

လျှိုရှုထုံက ခေါင်းကိုတဆတ်ဆတ်ညိမ့်ပြာ သူမရဲ့နူးညံ့ပြီးအိနေတဲ့ ပါးကိုလာကိုင်ကာ
"အင်း မင်းရဲ့မျက်နှာတစ်ခုလုံးမှာပဲ။ ချစ်စရာကောင်းမှုလေးတွေ ကပ်နေတာ"

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now