97+98

2.1K 321 4
                                    

စာစဉ် - ၄ /အခန်း ၉၇+၉၈

အခန်း - ၉၇

ထန်ဝမ် ရှော့ခ်ရသွားတာကိုမြင်တော့ ချစ်စရာလေးက
/မင်းတို့ လုပ်တုန်းက ဘာအကာကွယ်မှလည်း မဆောင်ကြဘူးလေ။ ကိုယ်ဝန်ရလာတာက ပုံမှန်ပဲမလား?/

ထန်ဝမ် မျက်လုံးလှန်ပြလိုက်ကာ
/အရင်ကမ္ဘာတုန်းကကျ ဘာလို့ ကိုယ်ဝန်မဆောင်ခဲ့ရတာလဲ?/

ချစ်စရာလေးက ဖြူစင်တဲ့အကြည့်လေးနဲ့
/ထန်ယိထုံက မင်းနဲ့အတူနေဖို့ အရွတ်ခွဲစိတ်မှု လုပ်ခဲ့တယ်လို့ မင်းကို ကျုပ်မပြောခဲ့ဘူးလားဟင်?/

ထန်ဝမ် ကြောင်သွားသည်။

ယောက်ျားတွေက အဲလိုလုပ်နိုင်တာလား?

ထန်ဝမ် ကြောင်အသွားတာကိုမြင်တော့ ချစ်စရာလေးက အချက်အလက်တွေကို ပြန်ရှင်းပြသည်။ ထန်ဝမ်ကတော့ သူ့ကို ရှုပ်ထွေးတဲ့အမူအရာနဲ့ပဲ ကြည့်နေလိုက်သည်။

အရင်ဘဝက ခံစားချက်တွေကို systemက သူမဆီကနေ ပယ်ဖျက်ပေးထားပေမဲ့ အဲဒီခွဲစိတ်မှုပြီးသွားတဲ့နောက်မှာတောင် တစ်ဖက်လူက သူမကို အချစ်စစ်နဲ့ချစ်ခဲ့တယ်ဆိုတာကို သူမ သိပါသည်။

အဲလို ခွဲစိတ်မှုကို ဘယ်လိုလုပ်နိုင်ရတာလဲ?

ထန်ဝမ် မနေနိုင်ပဲ ဗိုက်ကို လက်နဲ့ထိလိုက်သည်။ အထဲမှာ သွေးသားလေးရှိနေတယ်တဲ့!

မမျှော်လင့်ပါပဲ မစ်ရှင်ကမ္ဘာထဲမှာ သူမ ကလေးတစ်ယောက် ရတော့မယ်။

"ကြင်ယာတော် စစ်သမားတော် ရောက်လာပါပြီ"
အစေခံမလေးရဲ့အသံကို ကြားလိုက်ရသည်။

"ဝင်လာခဲ့"

သက်လတ်ပိုင်းအမျိုးသားတစ်ယောက်က ဆေးသေတ္တာကိုင်ကာ ဝင်လာခဲ့သည်။

ထန်ဝမ်က အိမ်ရှေ့စံမင်းသမီးဆိုတာကို သိတာကြောင့် သူ ခေါင်းကိုငုံ့ထားကာ ထန်ဝမ်ရဲ့မျက်နှာကို မော်ဖူးဖို့ မဝံ့ရဲပေ။ ဒါပေမဲ့ ထန်ဝမ်ရဲ့လက်က သွေးကြောကိုတော့ မြန်မြန်စမ်းပေးလိုက်သည်။

ထန်ဝမ် လက်ထဲမှာ လက်ကိုင်ပုဝါကို ခပ်တင်းတင်းဆုပ်ထားမိသည်။

မကြာခင်မှာပဲ စစ်သမားတော်က အပြုံးတစ်ခုနဲ့အတူ ထန်ဝမ်ကို မော်ကြည့်လာသည်။
"ဂုဏ်ပြုပါတယ် မင်းသမီး။ သတင်းကောင်းပါ။ သန္ဓေသားက နှစ်လကျော်နေပါပြီ"

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now