17+18

3.3K 414 5
                                    

စာစဉ် - ၁ / အခန်း - ၁၇+၁၈

အခန်း - ၁၇

ဘာသာပြန်သူ - Emily (KKMJPKJL)

ဒါပေမဲ့ သူက သူ့ရဲ့တိုးတက်လာတဲ့ စွမ်းရည်တွေကို ထုတ်မပြခဲ့။ ပြီးတော့ အပတ်တိုင်းမှာ နောက်ဆုံးရက်ပဲရှိတဲ့ ကွန်ပျူတာအချိန်ကလည်း သူ အကြိုက်ဆုံးအတန်းတစ်ခုဖြစ်လာခဲ့သည်။

ပြီးတော့ အခု ထန်ဝမ်က ဒီကွန်ပျူတာအဟောင်းကို လွှင့်ပစ်ခိုင်းနေတယ်။ သူ…ဒါကို တိတ်တိတ်လေး ယူသုံးရင် သူမ ဒေါသမထွက်လောက်ပါဘူးနော်။ ဒေါသထွက်သွားမှာလား?

ခဏကြာတော့ ထန်ဝမ်က ပင်ပန်းနေသွားပုံနဲ့
"ဖုန်းကဒ်ကို ဘယ်နားထားလိုက်မိမှန်း မသိတော့ဘူး။ နောက်မှပဲ နင့်ကို ပြန်ဝယ်ပေးမယ်"

"အမ်း"
ထန်ယိထုံက လည်ချောင်းအသံနဲ့ပဲ ပြန်ဖြေသည်။

ထိုအချိန် ထန်ဝမ်က အိပ်ရာပေါ် ပစ်လှဲပစ်လိုက်ကာ
"ကောင်းပြီ။ နင် ပြန်သွားတော့"

ထန်ယိထုံ ထရပ်လိုက်ကာ ဖုန်းနဲ့ ကွန်ပျူတာအဟောင်းကိုယူပြီး ထွက်သွားသည်။ ထန်ဝမ့်အခန်းထဲကနေ ထွက်လာပြီးတော့ ခြေလှမ်းအနည်းငယ်လျှောက်ပြီးတော့ သူ ထန်ဝမ်ရဲ့အခန်းကို ပြန်လှည့်ကြည့်လိုက်သည်။ သူမအခန်းထဲကနေ ထွက်မလာဘူးဆိုတာ သေချာမှ ကွန်ပျူတာအဟောင်းကို သူ့အခန်းထဲကို မြန်မြန်ယူသွားသည်။

သူ့အခန်းက ဒုတိယအထပ်က ထိပ်ဆံးအခန်းဖြစ်ပြီး အသုံးဝင်တဲ့ပစ္စည်းစုထားတဲ့ အခန်းလိုဖြစ်နေသည်။ ဒါပေမဲ့ ထန်ယိထုံအတွက် ထိုအခန်းက တကယ်ကို ကြီးလွန်းနေပြီ။

သူ့အခန်းထဲ ရောက်သွားပြီးမှ သူ စိတ်သက်သာရာရကာ သက်ပြင်းမောချလိုက်သည်။ ပြီးတော့ ကွန်ပျူတာကို စားပွဲပေါ် သေသေချာချာတင်ကာ ပါဝါဖွင့်လိုက်သည်။

ထန်ဝမ်က ဒါကို ကွန်ပျူတာဟောင်းလို့ ပြောခဲ့ပေမဲ့ အခု သူ ဖွင့်လိုက်တာနဲ့ ကွန်ပျူတာက ချက်ချင်းပွင့်လာသည်။ ကွန်ပျူတာပွင့်လာတာနဲ့ စခရင်မ်ပေါ်က ဘဲလေးဝတ်စုံနဲ့ ထန်ဝမ်ကနေတဲ့ ပုံလေးပေါ်လာသည်။

ဒါက မူလပိုင်ရှင်အသက် 9 နှစ်တုန်းက ဘဲလေးပြိုင်ပွဲဝင်ပြိုင်တဲ့အချိန်မှာ ရိုက်ထားတဲ့ ပုံဖြစ်သည်။ အဲဒီအချိန်တုန်းက သူမက ထန်ဝမ်စုန့်ရဲ့ ဖောက်ပြန်နေတဲ့အကြောင်းတွေကို မသိသေးပဲ ပျော်ပျော်နေတတ်တဲ့ ကလေးမလေးပဲ ရှိသေးသည်။ ဒါကြောင့် ပုံထဲက ထန်ဝမ်အသေးလေးက ယုံကြည်မှုရှိရှိနဲ့ ချိုသာစွာပြုံးနေသည်။

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now