135+136

985 116 2
                                    

စာစဉ် - ၆/ အခန်း - ၁၃၅+၁၃၆

အခန်း - ၁၃၅

အမွှေးပွလေးကိုဖမ်းမိတော့ သူ လက်နှစ်ဖက်နဲ့ဆုပ်ကိုင်ပြီးတော့ မြှောက်လိုက်တယ်။ လက်တစ်ဖက်နဲ့ပွေ့လိ်ုက်ပြီးတော့ ကျန်လက်တစ်ဖက်နဲ့ သူ့ကျောက အမွှေးတွေကိုပွတ်သပ်ပေးလိုက်တယ်။

"ဝမ်ဝမ် ကိုယ်ဖမ်းမိသွားပြီ"
လျှိုရှုထုံ ခွေးကိုမြှောက်ပြပြီး ပျော်နေတယ်။ ပြေးလိုက်ရတဲ့အတွက် သူ့နဖူးမှာလည်း ချွေးနည်းနည်းစို့နေသေးတယ်။

ထန်ဝမ် သူ့အရှေ့မှာရပ်ပြီး ချွေးသုတ်ပေးကာ ပြုံးလိုက်သည်။
"အင်း နင်ကောင်းကောင်းလုပ်ခဲ့တာပဲ"

"ဒါက ကိုယ်ပြေးခဲ့လို့လေ။ အခု ဒီကောင် ကိုယ့်လက်ထဲက ပြေးမလွတ်တော့ဘူး"
ပြောရင်းနဲ့ခွေးနှာခေါင်းကိုလည်း သွားတို့လိုက်သေးတယ်။

ထန်ဝမ် ပြောစရာစကားမဲ့သွားပြီး
"အင်း အခုနောက်ကျနေပြီ။ ပြန်သင့်ပြီနော်။ အိမ်ပြန်ရောက်ရင် ရေနွေးများများသောက်။ မနက်ဖြန်ကျလို့ နေမကောင်းသေးရင် ငါ့ကိုလာမခေါ်နဲ့နော်"

"မနက်ကျရင် ကိုယ်နေကောင်းပါပြီ"

"အင်း အင်း ပြန်တော့။ လမ်းမှာဂရုစိုက်ဦး"

သူမစကားကိုနားထောင်ကာ ခွေးကို ထန်ဝမ်လက်ထဲထည့်ပေးပြီး လျှိုရှုထုံ အိမ်ကိုပြန်လာခဲ့သည်။ သူ အိမ်ရောက်တော့ သူ့အဖွဲ့ရဲ့F4အဖွဲ့ဝင်တွေဆီက ဖုန်းဝင်လာသည်။

"စုန့်ဘုရင်ကြီးရေ။ မင်း အရင်တစ်ခေါက်တုန်းက ခွေးကြောက်စိတ်ကိုဖျောက်ဖို့ ဘယ်လိုလုပ်ရမလဲလို့ မေးထားတယ်မလား။ ငါ့ခွေးကိုတော့ မပေးလိုက်နိုင်ဘူးကွ။ မဟုတ်လို့ရှိရင် ကျန်တဲ့ကောင်တွေဆီက တစ်ကောင်တောင်းပြီးတော့ သတ်ကြည့်လေ"

"မလိုဘူး။ သူတို့မှာလည်း ဘဝရှိတာပဲ။ မနက်ဖြန်ကစပြီး ငါ အဖွဲ့ထဲကနေထွက်မယ်"
(လျှိုရှုထုံတို့ရဲ့အဖွဲ့ကို တစ်ခါတလေ ဟိုလိုရေးလိုက် ဒီလိုရေးလိုက်ပါ။ နာမည်က အတည်မရှိ။ တစ်ခါတလေကျရင် စျာပနအဖွဲ့ဆိုပြီးလည်း ဖြစ်သွားတတ်သေးတယ်။ အ့ကြောင့် အဖွဲ့လို့ပဲ ရေးလိုက်တယ်နော်)

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now