99+100

2.5K 316 3
                                    

စာစဉ် - ၄/ အခန်း - ၉၉+၁၀၀

အခန်း - ၉၉

ထန်ဝမ် ပြုံးလိုက်ကာ
"သွားပါ။ စစ်ရေးစစ်ရာပဲဟာ"

ဖုန်းချီထုံ ခေါင်းညိမ့်လိုက်သည်။
"ကိုယ် တစ်နာရီကြာရင် ပြန်လာခဲ့မယ်"

ထို့နောက် ခပ်သုတ်သုတ်ထွက်သွားသည်။ သူ ရောက်သွားတော့ စစ်သားတွေက ကျောက်ကော်ရဲ့စစ်တပ်ကို ဘယ်လိုလုပ်ရမလဲလို့ ဆွေးနွေးနေကြသည်။

အချို့ကတော့ ဖုန်းချီထုံရဲ့အတွေးလိုပဲ သတ်ပစ်ဖို့ပြောကြပေမဲ့ အချို့ကတော့ ဒါက ရက်စက်လွန်းရာကျတယ်လို့ ခံစားနေရသည်။

ဖုန်းချီထုံ ဝင်ထိုင်လိုက်ပြီး စစ်သူကြီးတွေကို တိုက်ရိုက်ကြည့်ကာ
"ကိုယ်တော် ဒီသုံ့ပန်း2သိန်းနဲ့ ဆက်နေနေမယ်"

လူတိုင်းက ရှော့ခ်ရသွားကာ
"အရှင်မင်းသား ဒီလိုမလုပ်ပါနဲ့!"

ဖုန်းချီထုံ လက်ယမ်းပြလိုက်ကာ
"မောင်မင်း ဆိုလိုတာကိုသိတယ်။ ဒါက လူသတ်တာထက် ပိုကောင်းတယ်။ ကျောက်ကော်မှာ တပ်အင်အား အများကြီးရှိတာမဟုတ်ဘူး။ သုံ့ပန်းတွေကို ခက်ခဲတဲ့အလုပ်တွေကို လုပ်ခိုင်းရမယ်"

"ဒါပေမဲ့ အရှင် ဒီလိုလုပ်တာက ကျွန်တော်မျိုးတို့ ငွေကြေးအများကြီးကုန်ကျပါလိမ့်မယ်"
လူတိုင်းက ခါးသက်သက်ခံစားနေရသည်။

"ကိုယ်တော်သိပါတယ်။ ကိုယ်တော် ဂရုမစိုက်ဘူး။ မကြာခင်မှာ ကိုယ်တော်က ဘုရင်ဖြစ်တော့မှာ။ ပြဿနာဖြစ်လာရင်တောင် ဒီလူ2သိန်းကို နေရာပြန်ချပေးဖို့က မဖြစ်နိုင်တာမဟုတ်ဘူး"

သူ့စကားကိုကြားတော့ လူတိုင်း အကြည့်တွေဆုံသွားကြသည်။ အိမ်ရှေ့စံရဲ့စကားတွေက ပိုပိုပြီး ရဲတင်းလာတယ်နော်။

ထိုအချိန် မင်းသားခုနစ်က ဒူးထောက်လိုက်ကာ
"အရှင်က ထက်မြက်လွန်းလှပါတယ်။ ဒီအမတ်က အရှင့်ရဲ့အမိန့်အတိုင်း လိုက်နာပြီး သေတဲ့အချိန်အထိ အရှင့်ရဲ့အရိပ်အောက်ကနေ ကူညီပေးပါ့မယ်"

အခြားစစ်သူကြီးတွေကလည်း
"ကျွန်တော်မျိုးတို့လည်း အရှင့်ရဲ့ဦးဆောင်မှုအောက် သေသည်အထိ လိုက်ပါခဲ့ပါ့မယ်"

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now