85+86

2.3K 287 3
                                    

စာစဉ် - ၄ /အခန်း - ၈၅+၈၆

အခန်း - ၈၅

မကြာခင်မှာပဲ မင်းသားငါးတစ်ယောက် သောကရောက်နေတဲ့အမူအရာနဲ့ ရောက်ချလာသည်။

"ဒုတိယအစ်ကိုတော် ချင်းကျူ အပြင်ဘက်က သတင်းတွေက ဘာတွေလဲ?"
ချင်းကျူကို သူ့အိမ်တော်ကို လွှတ်လိုက်မယ်လို့ ပြောတာမဟုတ်လား?

သူ သူမကို တစ်ညလုံးစောင့်နေခဲ့ပေမဲ့ အာရုဏ်တက်အချိန်ရောက်မှ ကြားလိုက်ရတဲ့သတင်းက သူမက အစ်ကိုအားဟွမ်ရဲ့အိမ်တော်ကို သွားတာတဲ့။

မင်းသားငါးကိုမြင်တော့ ထန်ချင်းကျူ ငိုနေတဲ့မျက်လုံးတွေနဲ့ သူ့ကိုကြည့်လိုက်ကာ
"ကျွန်တော်မျိုးမ တောင်းပန်ပါတယ်။ မင်းသားငါး။ ကျွန်..ကျွန်မမှာ အရှင့်သားရဲ့အိမ်တော်ဝင်ခွင့် တံဆိပ်ပြားမရှိလို့ပါ။ ဒါကြောင့် ဒီကိုလာရတာပါ။ ဒါပေမဲ့ ကျွန်မ အရှင့်သားတို့ကို ပြဿနာရှာပေးမိပြီထင်ပါတယ်။ ကျွန်မ အခုထွက်သွားပါ့မယ်။ ကျွန်မ ဒီမှာမရှိခဲ့ဘူးလို့ ပြောလို့ရပါတယ်"

ထို့နောက် သူမ မျက်ရည်အပြည့်နဲ့လှည့်ထွက်လိုက်သည်။

မင်းသားငါက သူမကို ချက်ချင်းတားလိုက်သည်။

"မသွားနဲ့ ချင်းကျူ။ အခု အားလုံးကဖြစ်ပြီးသွားပြီ။ မင်း အခုမှအိမ်ပြန်ရင်တောင် ဘာမှအလုပ်မဖြစ်တော့ဘူး"

သူ့စကားတွေကိုကြားတော့ ထန်ချင်းကျူ မြေပြင်ပေါ် လှဲချပစ်လိုက်သည်။ မင်းသားငါးက သူမကို ချက်ချင်းထူပေးသည်။
"ဝါးစိမ်းလေး"

"ဒုတိယအစ်ကိုတော် ဘာလုပ်နေသေးတာလဲ? ချင်းကျူအတွက် သမားတော်ခေါ်ပေးလေ"

ဒုတိယမင်းသားကတော့ ထန်ချင်းကျူကို သတ်ပစ်ချင်လို့ လက်ယားနေပြီ။ ဘာကိစ္စ သူမအတွက် သမားတော် ခေါ်ပေးရဦးမှာလဲ?

ဒါပေမဲ့ မင်းသားငါးရဲ့ပုံစံကိုကြည့်ကာ သူ့လူတွေကို သမားတော်ပင့်ဖို့ အမိန့်ပေးလိုက်ရသည်။

သမားတော်က ချက်ချင်းရောက်လာကာ ထန်ချင်းကျူကို စစ်ဆေးပေးသည်။ ပြီးတော့ သူမက အအေးမိရုံကလွဲ ဘာမှမဖြစ်ဘူးလို့လည်း ပြောခဲ့သည်။

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now