35+36+37+38

3.4K 440 8
                                    

စာစဉ် - ၂ /အခန်း - ၃၅+၃၆

အခန်း - ၃၅

ဘာသာပြန်သူ - Emily (KKMJPKJL)

နောက်တစ်နေ့ ထန်ဝမ်နိုးလာတော့ မနက်8နာရီကျော်နေပြီ။

"ဝှါး…"
တစ်ချက်သမ်းဝေလိုက်ပြီးမှ မနေ့ညက သူမ ရှိုးပွဲကြည့်ရင်း အိပ်ပျော်သွားတာကို သတိရသွားသည်။ ထန်ယိထုံက သူမကို အခန်းထဲသယ်ပို့ခဲ့ရပုံပဲ။

ထိုအချိန် ချစ်စရာလေးရဲ့စိတ်လှုပ်ရှားနေတဲ့ အသံကြီးကထွက်လာသည်။

/host နှစ်သက်မှုက 1 မှတ်ထပ်တိုးလာတယ်။ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာကို မှန်းကြည့်!/
ချစ်စရာလေးက ကလေးရုပ်နဲ့မလိုက်အောင် မျက်နှာပေါ်မှာ ယုတ်မာတော့မယ့်အပြုံးကို ချိတ်ဆွဲထားသည်။

/ဟမ်? ဘယ်လိုမြင့်သွားတာလဲ?/
ထန်ဝမ် အိပ်ရာပေါ်က စောင်ကိုမတင်ကာ မေးလိုက်သည်။

/??????? မနေ့ညက ထန်ယိထုံက မင်းကို နမ်းခဲ့တယ်လေ!/
ချစ်စရာလေးက အရမ်းစိတ်လှုပ်ရှားနေပုံပေါ်ပြီး ခုန်ပေါက်နေသည်။

"တကယ်လား? ချီး ငါ့ရဲ့ပထမဆုံးအနမ်းလေးက ဒီလိုပဲ ပါသွားပြီလား? ငါ ဘာမှမခံစားလိုက်ရဘူး"

သူမပုံစံကိုမြင်တော့ ချစ်စရာလေးက
/စိတ်လျော့! သူက မင်းနဖူးကိုပဲ နမ်းတာပါ… အရိုတစ်လိုင်းဝတ္ထုအကုန်လုံးကို ဖတ်ဖူးတဲ့ ငါ့ရဲ့အတွေ့အကြုံအရဆိုရင် ပထမဆုံးအနမ်းအဖြစ် နဖူးကိုနမ်းတဲ့အဓိပ္ပါယ်က အဲဒီလူက မင်းကို မြတ်နိုးလို့တဲ့။ စိတ်မပူပါနဲ့။ မင်း အိပ်ပျော်နေတယ်ဆိုရင်တောင် ကျုပ်မင်းအတွက် ဓာတ်ပုံရိုက်ပေးထားတယ်လေ။ မဟုတ်ရင် နောက်တစ်ကြိမ်ကျရင် အိပ်ရာကနေနိုးပေးလိုက်မယ်။ ပုံလှလှလေးတွေ ရိုက်ပေးထားမယ်/

ထို့နောက် စနစ်ရဲ့အဓိကစခရင်မ်ကြီးပေါ်လာပြီး ကြည်လင်တဲ့ဓာတ်ပုံ တစ်ဒါဇင်လောက်ပေါ်လာသည်။ ထောင့်မျိုးစုံကနေ ရိုက်ထားတဲ့ပုံလေးတွေလည်းပါသည်။ ဓာတ်ပုံထဲက ကောင်လေးက သူမကိုကြည့်နေကာ ညင်ညင်သာသာနဲ့ နဖူးကို အနမ်းပေးနေသည်။

ထိုပုံတွေကိုမြင်တော့ သူမ ရင်တွေအခုန်မြန်လာသည်။ ကြည့်ရတာ ထန်ယိထုံက သူမကို တကယ်ကြီးချစ်ပုံပဲ။

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now