9+10

3.5K 437 3
                                    

စာစဉ် - ၁ /အခန်း - ၉+၁၀

အခန်း - ၉

ဘာသာပြန်သူ - Emily (KKMJPKJL)

ဒါပေမဲ့လည်း ကံကောင်းတော့ ဖြတ်သွားဖြတ်လာတွေပါ လာကူပေးပြီးမကြာခင်မှာပဲ ကားကိုလှည့်လို့ရသွားသည်။ ရဲဦးလေးကြီးက ထန်ဝမ်ကိုပွေ့ချီကာ ဆေးရုံသို့ခေါ်သွားပေးသည်။

ဆေးရုံကိုရောက်တာနဲ့ ထန်ဝမ်ရဲ့ဒဏ်ရာကိုအရင်ကုသပေးကြသည်။ သူမ ညာခြေထောက်ကျိုးသွားကာ နောက်ကျောကလည်း ဒဏ်ရာဒဏ်ချက်ပေါင်းများစွာရခဲ့သည်။ ခေါင်းမှာလည်း ပတ်တီးပတ်ထားရပြီး အနည်းငယ်မူးဝေနေသည်။

ထန်ဝမ် လူနာအခန်းထဲလဲနေတုန်း မူလကိုယ်ရဲ့မိထွေး ကျစ်ရှရောက်လာသည်။ ကျစ်ရှက ရောက်လာတာနဲ့ အမေတစ်ယောက်ပုံဖမ်းကာ ငိုယိုပြီး
"သနားစရာကောင်းတဲ့ဝမ်ဝမ်လေးရယ် ဘာလို့ ဒီလောက်တောင် နာသွားရတာလဲကွယ်? နာနေလားဟင်? လောင်လီရဲ့ကားမောင်းစွမ်းရည်က အရမ်းမကောင်းဘူး။ ဘယ်လိုဖြစ်ပြီး ကားအက်ဆီးဒင့်ဖြစ်ရတာလဲကွယ်?"

ထန်ဝမ် မျက်လုံးပင့်ပြီး သူမကိုကြည့်လိုက်ကာ
"ကျွန်မအဖေဘယ်မှာလဲ? သူ ဘာလို့မလာတာလဲ?"

မုန်းစရာကောင်းတဲ့စုန်းမလိုလူတွေကို သူမရဲ့နဂိုဘဝမှာ များစွာကြုံဖူးပြီးပြီ။ ဒီတော့ သူမအနေနဲ့ ယဉ်ကျေးနေစရာမလို။

ကျစ်ရှက ထန်ဝမ်ကို ရှက်သွားတဲ့အမူအရာနဲ့ကြည့်လာကာ
"သမီးအဖေက ကုမ္ပဏီမှာ အစည်းအဝေးရှိနေလို့ ထွက်မလာနိုင်တာပါ! ညနေကျရင် သမီးကိုတွေ့ဖို့လာပါလိမ့်မယ်"

အမှန်မှာ သူမက ထန်ဝမ်စုန့်နဲ့ထန်ဝမ်တို့ အဖေနဲ့သမီးကြားက ဆက်ဆံရေးကို ဝေးကွာအောင်ကြိုးစားနေတာဖြစ်သည်။

"သူ ကျွန်မကို တွေ့ချင်နေမှာမဟုတ်ပါဘူး"
ထန်ဝမ်က သူမသိတယ်ဆိုတဲ့ပုံနဲ့ ဒေါသထွက်စွာပြောလိုက်သည်။

ဒါကိုမြင်တော့ ချစ်စရာလေးကပေါ်လာကာ လက်မထောင်ပြသည်။
/hostကို အမှတ်ပြည့်ပေးတယ်။ ဒီအမူအရာက အရမ်းပြည့်စုံတယ်။ နေမကောင်းတဲ့သမီးလေးက အဖေလာတွေ့မှာကို မျှော်လင့်နေတဲ့မျှော်လင့်ချက်လေး ရိုက်ချိုးခံလိုက်ရလို့ ဝမ်းနည်းဒေါသထွက်သွားတဲ့ပုံလေး/

ကျွန်မရဲ့ဗီလိန်ယောက်ျားWaar verhalen tot leven komen. Ontdek het nu