3+4

6.1K 465 6
                                    

စာစဉ် - ၁ / အခန်း - ၃+၎

အခန်း - ၃

ဘာသာပြန်သူ - Emily (KKMJPKJL)

"နင်ပြောတာမှန်တယ်ဆိုရင်တောင်… နင်က ဘာလဲ?"

"ကျုပ်က အရာဝတ္ထုပစ္စည်းမဟုတ်ဘူး။ ကျုပ်က systemပဲ။ systemစာစောင်တွေ မဖတ်ဖူးဘူးလား?"
ကလေးလေးက အသံကျယ်လာပြီး သူမကို အပြစ်တင်တဲ့လေသံနဲ့ပြောသည်။

ထန်ဝမ်ရယ်နေရုံကလွဲပြီး မတတ်နိုင်
"နင့်နာမည်က တကယ်ပဲ 'အဖေ' လား? နင့်နာမည်ကို ပြောင်းလိုက်လို့မရဘူးလား? နင့်ကို အဖေ လို့ခေါ်ခိုင်းမယ်ဆိုရင်တော့ ငါ့နာမည်ကို အမေ လို့ပြောင်းလိုက်မယ်နော်?"

"နာမည်ကိုမပြောင်းနိုင်ဘူး. systemဆိုတာက နံပါတ်တစ်ခုပဲ။ ငါ့နံပါတ်က အဖေပဲ!"
တစ်နည်းပြောရရင် သူ့နံပါတ်က 88ဖြစ်သည်။

ဒါပေမဲ့ 88က အဖေနဲ့ အသံထွက်တူတယ်လေ။ ဟုတ်တယ်ဟုတ်? ဒီတော့ host က ဘာဖြစ်လို့ သူ့ကိုအဖေလို့မခေါ်ရမှာလဲ?

သူက တကယ်ကို ဥာဏ်ကောင်းတဲ့သရဲလေးပါနော်။ ဒါကြောင့် သူ့hostကို စကားအလိမ္မာတွေနဲ့ အနိုင်ယူနိုင်တာပေါ့! ကိုယ့်ကိုယ်ကိုယ် လက်မအကြီးကြီးပေးတယ်!

သူ့ရဲ့ရှေးခေတ်ဖက်ရှင်ကိုကြည့်ပြီး ထန်ဝမ်အရှေ့တိုးလာကာ သူ့မျက်နှာကိုထိကြည့်လာသည်။

"ခံစားလို့တော့ကောင်းပါတယ်။ တကယ့်လူတစ်ယောက်အတိုင်းပဲ။ နင်က တကယ်ပဲ သက်ရှိလား?"
ထန်ဝမ် စပရိုဖြစ်နေသည်။

သူမ ကောင်လေးရဲ့ပါးကိုညစ်လိုက်တော့ ပါးလေးတွေက နီရဲတက်လာသည်။ ထို့နောက် စူပုတ်နေတဲ့မျက်နှာလေးနဲ့အတူ သူမကို ရှင်းပြလာသည်။
"သေချာတာပေါ့။ hostကို အကောင်းဆုံးအတွေ့အကြုံတွေရစေဖို့အတွက် systemကနေ လူသားပုံရိပ်ကို ရွေးချယ်ခဲ့တာလေ။ ထိတွေ့မှုကလည်း လူအစစ်တစ်ယောက်လိုပါပဲ! အချိန်တွေကုန်နေပြီ။ ကျုပ်နဲ့ အချိန်တွေလာဖြုန်းမနေနဲ့တော့။ ခင်ဗျားသွားရတော့မယ်။ ကျွန်တော်နဲ့အတူသာ လက်တွဲလိုက်ရင် အထီးကျန်ရမယ့်ကံကြမ္မာကို ကျောခိုင်းပြီး ခင်ဗျားလိုချင်တဲ့ယောက်ျားကို ရမှာနော်"

ထန်ဝမ်က အရူးမဟုတ်။ ကောင်လေးရဲ့စကားတွေကိုကြားလိုက်တော့ သူမ မျက်လုံးမှေးကျဉ်းလိုက်ကာ
"ကမ္ဘာပေါ်မှာ ဒီလောက်ဈေးပေါတာတွေလည်း ရှိသေးတာလား? နင် ငါ့အကြောင်းပြောနေတာမဟုတ်ဘူးမလား?"

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now