39+40+41+42

3.4K 430 5
                                    

စာစဉ် - ၂ / ၃၉+၄၀

အခန်း - ၃၉

ဘာသာပြန်သူ - Emily (KKMJPKJL)

ထန်ဝမ်ရဲ့ငြင်းဆိုမှုက ထန်ယိထုံရဲ့နှလုံးသားလေးကို ပျော်ရွှင်မှုတို့ယစ်မူးစေသည်။ သူ တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းတွေကိုတောင် မထိန်းနိုင်တော့ပဲ ကော့တက်လာသည်။

ပြီးတော့ လုယိဘက်ကိုလှည့်ကာ မျက်နှာကိုတည်လိုက်ပြီး
"အကင်ပစ္စည်ငှါးတဲ့ဆိုင်က ဟိုဘက်မှာ"
စကားက တိုတိုပြတ်ပြတ်ပင်။ ပြီးတော့ ငါးပုတ်သင်သေးသေးလေးတစ်ကောင်ကို ကိုင်ကာ ထန်ဝမ်ကိုပေးလိုက်သည်။

လုယိက ငါးပုတ်သင်ကိုကိုင်ထားတဲ့ ထန်ဝမ်ကိုကြည့်ကာ ထန်ယိထုံကို စိုက်ကြည့်လိုက်သည်။ ပြီးတော့
"ကျေးဇူးပါ။ ကိုယ်အခု သွားတော့မယ်"

ဒီနှစ်ယောက်က တကယ်ကို စိတ်ဝင်စားစရာပဲ။

သူ ဘယ်သူ့ကိုမှ စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ရသေးပဲ ထိုနှစ်ယောက်ကတော့ သူ့ကို မကြိုဆိုကြောင်း သိသိသာသာကို ဖော်ပြနေကြသည်။ ဘာပဲဖြစ်ဖြစ် သူတို့က ဒီလိုဖြစ်လေလေ သူကတော့ အတူတူဆက်နေပြီး ဘာလို့ သူ့ကိုခါးခါးသီးသီးဖြစ်နေရလဲဆိုတဲ့ အကြောင်းပြချက်ကို ပိုသိချင်လေလေပဲ။

နောက်ခဏမှာတော့ သူက လုရုန်ရုန်ကိုပြောလိုက်သည်။
"ရုန်ရုန် အစ်ကို အကင်ခုံသွားငှါးလိုက်ဦးမယ်။ ညီမလေးက ပင်လယ်စာသွားဝယ်လိုက်"

"အိုး…"
လုရုန်ရုန်က လုယိကိုကြည့်ကာ ခေါင်းညိမ့်လိုက်သည်။

အပေါ်ယုံမှာ သူ့အစ်ကိုက လူကြီးလူကောင်းပီသပြီး ချမ်းသာတယ်ဆိုပေမဲ့ တကယ့်ပုံစံက အရမ်းအေးစက်စက်နိုင်လွန်းပြီး အမြဲတမ်း မျက်နှာတည်နဲ့နေတတ်သည်။

ဒါပေမဲ့ ဒီနေ့ကတော့ မတူပေ။ သူ့ပုံစံက ထန်ဝမ်ကို အရမ်းစိတ်ဝင်စားနေသလိုပဲ။ ဘာလို့လဲ?

လုယိနဲ့အခြားသူတွေထွက်သွားတော့ ထန်ယမ်က ချက်ချင်းပင် ထန်ယိထုံကိုပြောလိုက်သည်။
"ထုံထုံ အသားကင်လို့ပြီးသွားပြီလား။ ငါတို့ ဟိုတယ်ကိုယူသွားပြီး သွားစားကြရအောင်"

သူမ ဘာကိုဆိုလိုမှန်း ထန်ယိထုံနားလည်လိုက်သည်။ ဝမ်ဝမ်က အခုနကလူတွေနဲ့ မပတ်သက်ချင်ဘူးလား?

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now